ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ရရှိခဲ့ပေမယ့် အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ ပြည်သူချစ်မင်းသမီးချောတွေထဲမှာ မင်းသမီးချောလေးသဉ္ဇာနွယ်ဝင်းကလည်း အပါအဝင်ပါပဲနော်..။

သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ မင်းသမီးချောလေး သဉ္ဇာကတော့ ချစ်စရာကောင်းလွန်းတဲ့ သားဦးလေးကိုလည်း မွေးဖွားပိုင်ဆိုင်ထားပြီး မကြာသေးခင်ရက်ပိုင်းကမှ သူမရဲ့ သားလေး Peach Lay က အသက်(၁)ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်..။

သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ သားလေး Peach Lay ရဲ့ (၁)နှစ်ပြည့် မွေးနေ့လေးကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ(၇)ရက်နေ့က Hot Pot City Ahlone မှာ ပျော်ပျော်ပျော်ရွှင်ရွှင်စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြတာလည်း တွေရပါတယ်..။

Peach Lay လေးရဲ့ မွေးရက်ပွဲလေးကိုတော့ မိသားစုတွေစုံစုံညီညီအပြင် ချစ်ခင်ရင်းနှီးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အနုပညာရှင်တော်တော်များများလည်း တတ်ရောက်ဂုဏ်ပြုခဲ့ကြပါသေးတယ်..။

မွေးနေ့အလှူလေးတွေလည်း ပြုလုပ်ခဲ့ကြပြီး Peach Lay ရဲ့ အသက်(၁)နှစ်ပြည့်အတွက် မွေးနေ့အလှူလေးအဖြစ် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသလို ကလေးဆေးရုံကြီးမှာလည်း တစ်နေ့စာ အာဟာရဒါနတွေလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြတာလည်း တွေ့ရပါတယ်.. ။

မွေးနေ့ပွဲလေးကျင်းပပြုလုပ်ခဲ့တဲ့ ပျော်ရွှင်ကြည်နူးစရာ ပုံရိပ်လေးတွေနဲ့ အခမ်းအနားပွဲတတ်လာတဲ့ အနုပညာရှင်များရဲ့ ပုံရိပ်လေးတွေကိုလည်း Myanmarload ပရိသတ်ကြီးများအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - သဉ္ဇာ၊ My Dream

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။