ချမ်းမြေ့မောင်ချို ကတော့ Myanmar Idol season 3 မှာ ပရိသတ်ချစ်ခင်အားပေးမှု တခဲနက်ရရှိခဲ့တဲ့ သူလေးဆိုတာ အထူးပြောစရာလိုမယ်မထင်ပါဘူး ။ ကံမကောင်းစွာနဲ့ Winner ဆုနဲ့ လွဲချော်ခဲ့ရပေမယ့် ပရိသတ်ရဲ့အားပေးမှုကြောင့်အနုပညာလမ်းကြောင်းပေါ်မှာ ခိုင်မာတဲ့နေရာတစ်နေရာကို ရရှိခဲ့ပြီဘဲ ဖြစ်ပါတယ် ။ 

လတ်တလောမှာတော့ သူမဟာ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ အနုပညာရှင်တွေနဲ့ဘအတူတူတွဲပီး သီချင်းတွေသီပြဆိုခွင့်ရနေပြီ ဖြစ်ပါတယ် ။ သူမ လေးစားအားကျခဲ့ရတဲ့ Idol အနုပညာ ရှင်တွေနဲ့ အတူတူသီချင်းသီဆိုခွင့်ရအောင် ဘဝကြီးကချက်ချင်းပြောင်းလဲသွားခဲ့တဲ့အတွက် အခုရရှိထားတဲ့ ဘဝလေးကိုတန်ဖိုးထားပြီး ရေရှည်တည်တံ့အောင်ကြိုးစားပါမယ်လို့ ပရိသတ်တွေကို ကတိပြုခဲ့ပါတယ် ။ 

အရင်က သူမလေးစားအားကျခဲ့ရပြီး သူတို့ရဲ့ သီချင်းတွေနဲ့သာ ကြီးပြင်းလာခဲ့တဲ့ မောင်ချိုလေးဟာ အခုဆို ဒီ နာမည်ကြီးအနုပညာရှင်တွေနဲ့ အတူတူတောင်သီချင်းဆိုခွင့်ရနေတာ တကယ်ကိုဂုဏ်ယူစရာပါဘဲနော် ။ ပရိသတ်ကြီးကလည်း မောင်ချိုလေးကို အားပေးလိုက်ကြပါဦးနော် ။

Source: Chan Myae Maung Cho

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။