သရုပ်ဆောင် ကောင်းပြီး ပွင့်လင်းရိုးသားတဲ့ ဟန်ပန်အမူရာတွေကြောင့် ပရိသတ်တွေချစ်ခင်နေရတဲ့ မင်းသမီးလေး ပိုင်ဖြိုးသုကတော့ တကယ်ကိုတော်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ပါ ။ သူမရိုက်ကူးထားတဲ့ "မီ'' ရုပ်ရှင်ကားကြီးက မကြာမီမှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။ အနုပညာကိုချစ်မြတ်နိုးလွန်းလို့ သူမရဲ့ professional ဆရာဝန်အလုပ်ကိုတောင် စွန့်လွှတ်ခဲ့တဲ့ သူမရဲ့ အနုပညာပိုးကတော့ တကယ်ကို သြချရလောက်ပါတယ် ပရိသတ်ကြီးရေ..  ။ 

လတ်တလောမှာတော့ သူမဟာ Armani Exchange ဒီဇိုင်းအသစ်တွေ ပြတဲ့ ပွဲ ကို တက်ရောက်ခဲ့ပါတယ် ။ Wow သူမရဲ့ပွဲတက်ဖက်ရှင်ကတော့ သူမကိုမြင်နေကြပုံစံတွေထဲက ကွဲထွက်စေပြီး ကြွေဆင်းသွားစေမှာအသေချာပါဘဲ ။ အနက်ရောင် တောက်လျှောက် စကပ်လေးနဲ့ ခပ်မြင့်မြင့်အမိုက်စားဒေါက်ကတော့ သုသု ရဲ့ ရှိရင်းဆွဲအလှထက်ပိုဆွဲဆောင်မှုရှိစေတဲ့ ဖက်ရှင်တစ်ခု ဖြစ်လို့နေပါတယ် ပရိသတ်ကြီးရေ.. ။ 

မကြာခင်သတို့သမီးလေးအဖြစ် မြင်တွေ့ရတော့မယ့် သုသုရဲ့ ပွဲတက်ဖက်ရှင် တွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ သုသုကို ချစ်ရင် အားပေးလိုက်ကြပါဦးနော် ။

Source: Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။