မြန်မာ့ကိုယ်စားပြုယှဉ်ပြိုင်လျှက်ရှိတဲ့ ကမ္ဘာ့သိုင်းပေါင်းစုံလက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်းရဲ့ အောင်မြင်မှုတွေကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာရေပန်းစားလျှက်ရှိတာအားလုံးလည်းသိမယ်ထင်ပါတယ်။ ကမ္ဘာ့အဆင့်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ One Championship (MMA) ပြိုင်ပွဲကြီးရဲ့ ခါးပတ်နှစ်ခုချန်ပီယံတစ်ဦးဖြစ်ပြီး အကောင်းဆုံးတိုက်ကွက်တွေနဲ့ ပွဲပေါင်းများစွာကို အလဲထိုးအနိုင်ယူထားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။  

ဒီကနေ့ စင်္ကာပူနိုင်ငံမှာကျင်းပပြုလုပ်တဲ့ 2018 Global Martial Art ဆုပေးပွဲမှာ ပရိသတ်အချစ်တော်အောင်လအန်ဆန်းကတော့ ကမ္ဘာ့အကောင်းဆုံးဆုနှစ်ဆုကိုရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဆုတွေကတော့ တစ်နှစ်တာ အကောင်းဆုံး အမျိူးသားအားကစားသမားဆုနဲ့ အကောင်း ဆုံးပြိုင်ပွဲဆုတို့ကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ၎င်းအကောင်းဆုံးပြိုင်ပွဲဆုကတော့ ဂျပန်ဖိုက်တာ ကင်မ်ဟစဲဂါဝါနှင့် ထိုးသတ်ခဲ့တဲ့ ပွဲမှာရရှိခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ ဆုရရှိမှုနဲ့ပတ်သက်ပြီး အောင်လအန်ဆန်းကတော့ သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် "ပြီးခဲ့တဲ့ရက်က Singapore မှာကျင်းပခဲ့တဲ့ 2018 Global Martial Art ဆုပေးပွဲမှာ ကျွန်တော်ဆုနှစ်ဆုရခဲ့ပါတယ်။ တစ်နှစ်တာ အကောင်းဆုံး အမျိူးသားအားကစားသမားဆုနဲ့ အကောင်း ဆုံးပြိုင်ပွဲဆုကို ရရှိခဲ့တာပါ။ အကောင်းဆုံးပြိုင်ပွဲဆုကတော့ ကျွန်တော်နဲ့ကင်မ်ဟစဲဂါဝါတို့ထိုးခဲ့တဲ့ပွဲကိုရည်ရွယ်ပြီး ပေးတာဖြစ်ပါတယ်။ကျွန်တော့်ကို Global MMA မှာ အသိအမှတ်ပြုပြီး ဒီလိုမျိူးဆုပေးတဲ့အတွက် အရမ်းဝမ်းသာတယ်။ကျွန်တော် MMA ကစားတာ ဒီလိုမျိူးဆုလိုချင်လို့တော့ မဟုတ်ပါဘူး ဒါပေမယ့်ဒီလိုမျိူး ကမ္ဘာကအသိအမှတ်ပြုတဲ့အတွက်တော့ အရမ်းဂုဏ်ယူပါတယ်။" ဟူ၍ ပြန်လည်ရေးသားထားတာတွေ့ရပါတယ်။ မြန်မာ့ဂုဏ်ဆောင်လက်ဝှေ့ဖိုက်တာဆောင်လအန်ဆန်းရဲ့ ဒီကနေ့ ရရှိခဲ့တဲ့ ဆုကတော့ သူ့ရဲ့ မိသားစုတင်မကပြည်တွင်းရှိ မြန်မာနိုင်ငံသားအားလုံးအတွက်ပါ ကျေနပ်ပီတိဖြစ်စေခဲ့မှာအမှန်ပဲဖြစ်ပါတယ်။

Photos - Aung La Nsaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။