ဧပြီလ ၁ ရက်နေ ့တွင် စတင်အကောင်အထည်ဖော်မည့် ကိုယ်ဝန်ဆောင်မိခင်များနှင့်

နှစ်နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့မည့် အစီအစဉ်

ထိုအစီအစဉ်ကို ဧပြီလ ၁ ရက်နေ ့တွင် စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဦးစွာအကောင်အထည်ဖေါ်မည့် ပြည်နယ်နှင့် ဒေသများမှာ ချင်းပြည်နယ်၊

ရခိုင်ပြည်နယ် နှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို ့မှ မွေးဖွားလာမည့် ကလေး အသက် ၂ နှစ်အထိ ငွေကြေးထောက်ပံ့မည့် အစီအစဉ်ဖြစ်သည်ဟု လူမှုဝန်ထမ်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက “မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်အရ လုပ်ငန်းစဉ်

ရှစ်ရပ် ချမှတ်ထားကြောင်း၊ ထိုလုပ်ငန်းစဉ်များအရ ကိုယ်ဝန်ဆောင်မိခင် နှင့် ၎င်းတို့မှမွေးဖွားလာမည့် ကလေးအသက် နှစ်နှစ်အထိ

ငွေကြေးထောက်ပံ့ရေး အစီအစဉ်ကို စီစဉ်ထားပါကြောင်း၊ လူ့ဘဝတစ်လျှောက်လုံးအတွက် ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုရှိရန် လူသားဘဝအစ ရက် ၁၀၀၀ သည် အာဟာရပြည့်ဝရန် အလွန်အရေးကြီးကြောင်း၊ မိခင်တစ်ဦးအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလ၊ မီးနေသည့်ကာလနှင့် နို့တိုက်မိခင်ကာလများသည်

အာဟာရပြည့်ဝရန် လိုအပ်သဖြင့် ဖြည့်စွက်အာဟာရ စားသောက်ရန်အတွက် တစ်လလျှင် ကျပ် ၁၅၀၀၀ ထောက်ပံ့ပေးမည်ဖြစ်ပြီး တစ်နေ့လျှင် ကျပ် ၅၀၀ စားသုံးနိုင်မည်ဖြစ်ကြောင်း” ပြောကြားပါသည်။

လက်ရှိအကောင်အထည်ဖေါ်မည့်ဒေသများမှာ မြန်မာနို်င်ငံ၏ ဒေသများအနက် ဖွံ ့ဖြိုးမှု အနိမ့်ကျဆုံးဖြစ်ပြီး

ကလေးတိုးပွားမှုနှုန်းအပါအဝင် အာဟာရချို ့တဲ့မှုများကြောင့် ဦးစွာ အကောင်အထည်ဖေါ်ရခြင်းဖြစ်သည်ဟု သိရှိရပါသည်။

အကောင်အထည်ဖေါ်လျက်ရှိသည့် လူမှုကာကွယ်ရေးလုပ်ငန်းစဉ်အတွင်း ကိုယ်ဝန်ဆောင်မိခင်၊ နှစ်နှစ်အောက် ကလေးများအပြင် အသက် ၉၀ အထက် ဘိုးဘွားများအတွက် တစ်လလျှင် ကျပ် ၁၀၀၀၀ ထောက်ပံ့မည့် အစီအစဉ်ကိုလည်း အကောင်အထည်ဖေါ်မည်ဖြစ်ကြောင်းသိရှိရသည်။

အဘိုးအဘွားများအတွက် အစိုးရထောက်ပံ့ကြေးလျှောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာမြို ့နယ်၊

အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်းသိရှိရပါသည်။

လူမျိုးမရွေး ဘာသာမရွေး လျှောက်ထားနိုင်မည်ဖြစ်ရာ သာသနာ့ဝန်ထမ်း (ရဟန်းတော်၊ သီလရှင်) များလည်း လျှောက်ထားနိုင်ပါကြောင်းနှင့် ၂၀၁၇ မတ်လတွင် အသက် ၉၀ ပြည့်မည့် အဘိုး အဘွားများပါ လျှောက်ထားနို်င်ကြောင်းကို ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

Source: Local Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။