အာစီယံဒေသတွင်းအဆင့်မြင့်ဆုံးပြိုင်ပွဲတစ်ပွဲဖြစ်တဲ့ဆူဇူကီးဖလားပြိုင်ပွဲရဲ့အုပ်စု(က)ရဲ့ပွဲစဉ်တွေကိုတော့မနေ့ကယှဉ်ပြိုင်ကစားခဲ့ပါတယ်။မနေ့ကယှဉ်ပြိုင်ကစားသွားခဲ့တဲ့ပွဲတွေမှာကမ္ဘောဒီးယားအသင်းနဲ့မလေးရှားတို့အသင်းပွဲစဉ်ကလည်းအကြိတ်နယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီးပွဲအပြီးမှာမလေးရှားအသင်းက(ဝ-၁)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာပါ။

အုပ်စု(က)ရဲ့ဒုတိယပွဲစဉ်တစ်ပွဲဖြစ်တဲ့လာအိုအသင်းနဲ့ဗီယက်နမ်အသင်းတို့ပွဲစဉ်မှာတော့ဗီယက်နမ်အသင်းကအဝေးကွင်းမှာ(ဝ-၃)ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီနှစ်မှာတော့ဗီယက်နမ်အသင်းဟာနာမည်ကြီးဆုံးနဲ့ရေပန်းစားဆုံးဖြစ်ပါတယ်။လူငယ်ကစားသမားတွေနဲ့အများဆုံးဖွဲ့စည်းထားပြီးအာရှဖလားပြိုင်ပွဲတောင်ကန်ခွင့်ရထားတာဖြစ်ပါတယ်။ 

ကမ္ဘောဒီးယားအသင်းကလည်းဒီနှစ်မှာအသင်းကြီးတွေကိုအကောင်းဆုံးဒုက္ခပေးနိုင်တဲ့ခြေစွမ်းတွေနဲ့အကောင်းဆုံးရှိနေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။အုပ်စု(က)ရဲ့နာမည်ကြီးမြန်မာအသင်းကတော့လာမယ့်၁၂ရက်နေ့မှာကမ္ဘောဒီးယားအသင်းနဲ့မန္တလာသီရိကွင်းမှာစတင်ကစားရမှာဖြစ်ပါတယ်။အကောင်းဆုံးခြေစွမ်းတွေနဲ့အသင်းကြီးတွေကိုဒုက္ခပေးနေတဲ့ကမ္ဘောဒီးယားအသင်းကိုမြန်မာအသင်းဘယ်လိုရင်ဆိုင်မလဲဆိုတာတော့ရင်ခုန်စွာနဲ့စောင့်မျှော်ကြပါဦးနော်။

SOURCE:AFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။