ဆားငံရေသာရရှိတဲ့ပင်လယ်ထဲမှ ရေချိုရရှိရန် အစ္စရေးအစိုးရ စီစဉ်နေတယ်လို့သိရပါတယ်။ထို့ပြင် ဂျော်ဒန်မြစ်နဲ့ ပင်လယ်သေတွေမှာ ရေခန်းခြောက်လာမှုကို ကာကွယ်ဖို့ ဂယ်လလီပင်လယ်ကနေ ရေချိုရရှိရေးအတွက် လုပ်ဆောင်ဖို့ စီစဉ်နေတာဖြစ်တယ်လို့သိရပါတယ်။အစ္စရေးတွင် အကြီးဆုံး ရေချိုရင်းမြစ်ဟာ ရေခန်းလာတာကြောင့် အောက်ပိုင်းက ဂျော်ဒန်မြစ်နဲ့ ပင်လယ်သေတွေမှာပါ ရေခန်းလျက်ရှိတယ်လို့သိရပါတယ်။အဆိုပါ ပင်လယ်ဟာ ၂၀၀၄ ခုနှစ်တုန်းက ၁၈ ပေ အနက်ထိ ရေမျက်နှာပြင် နိမ့်ကျခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်များကြောင့် ကမ္ဘာလှည့်ခရီးသည်တွေရဲ့ အထင်ကရ ဂျေရုဆလင်မြို့ရှုခင်း ထိခိုက်လာရတယ်လို့သိရပါတယ်။ အစ္စရေး အစိုးရအနေနဲ့ မြေထဲပင်လယ်ထဲက ပင်လယ်ရေကို ရေချိုဖြစ်အောင် လုပ်နည်းကိုသုံးပြီး အထက်ပါပြဿနာတွေကို ဖြေရှင်းဖို့ ဇွန်လက အတည်ပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။“အစ္စရေးဟာ ဒီနည်းပညာမှာ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်ပါ။ ကျနော်တို့ သဘာဝတရားကို ကယ်တင်ဖို့၊ ကမ္ဘာကြီးပူနွေးမှုကို တိုက်ဖျက်ဖို့၊ သက်ရောက်မှုတွေကို ကာကွယ်ဖို့ အစ္စရေးနိုင်ငံအတွက် ရေသိုလှောင်ဖို့ ဒီလိုလုပ်တာပါ” လို့ ရေအရင်းအမြစ်ဝန်ကြီး ယူဗယ် စတိန်းနက်ဇ်က စက်ရုံနေရာကို စစ်ဆေးချိန်မှာ ပြောပါတယ်။

အစ္စရေးအစိုးရရဲ့ပင်လယ်ထဲမှ ရေချိုရရှိရေးလုပ်ငန်းများကို သဘာဝပတ်ဝန်းကျင် ပညာရှင်တွေကလည် လုပ်ရပ်ကိုနှစ်သက် ကြိုဆိုခဲ့တယ်လို့သိရပါတယ်။ဒီလုပ်ရပ်ဟာ အစ္စရေးအတွက် ဘူမိနိုင်ငံရေး အကျိုးအမြတ်ကို ရစေမှာဖြစ်သလို ဂျော်ဒန်နိုင်ငံအတွက် ရေအရင်းအမြစ်ကိုလည်း ဖြန့်ဝေပေးနိုင်မှာ ဖြစ်ပါတယ်။အစ္စရေးရဲ့ စီမံကိန်းအရ နှစ်စဉ် ရေချို ကုဗမီတာ သန်း ၁၂၀ ကို ဖြည့်ပေးနေတာပါ။ လာမယ့်လ ကျင်းပမယ့် အစိုးရ မဲပေးပွဲမှာ ရေချိုထုတ်မှု ၃ ဆ မြှင့်တင်နိုင်ဖို့ မျှော်လင့်ထားပြီး ၂၀၂၆ မှာ ဂယ်လလီပင်လယ်မှာ ရေပြန်ပြည့်လာမယ်လို့ စတိန်းနက်ဇ်က ပြောပါတယ်။လက်ရှိမှာတော့ ဂျော်ဒန်မြစ်ရော၊ ပင်လယ်သေပါ ရေတွေ ခန်းခြောက်နေတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။