အမိုက်စားတိုက်ကွက်တွေနဲ့ ပြည်တွင်းပရိသတ်တွေကိုသာမက ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားတွေကို တုန့်လှုပ်စေခဲ့တဲ့ အောင်လအန်ဆန်းရဲ့ ပွဲကောင်းတွေကို ပရိသတ်တွေလည်း အကြိုက်တွေ့စေခဲ့မယ်ထင်ပါတယ်။ လက်ရှိ ခါးပတ်နှစ်ခု ကမ္ဘာ့ချန်ပီယံဂုဏ်ကိုထိန်းသိမ်းထားနိုင်သူတစ်ယောက်ဖြစ်တဲ့အပြင် ပြည်တွင်းပြည်ပလက်ဝှေ့ဖိုက်တာများစွာရဲ့ ရှေ့ဆောင်လမ်းပြဖိုက်တာတစ်ဦးအဖြစ် ရပ်တည်နေသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။  

အောင်လအန်ဆန်းကတော့ လက်ဝှေ့လောကကို နှစ်ပေါင်းများစွာထိုးသတ်ခဲ့ပြီး နိုင်ပွဲများစွာနှင့်အတူ ရှုံးပွဲများစွာကိုလည်း ရင်ဆိုင်ခဲ့ဖူးသူတစ်ယောက်လည်းဖြစ်ကြောင်း သိရပါတယ်။ MMA ပြိုင်ပွဲကို စတင်စဉ်ကတည်းပါ ဝင်ရောက်ထိုးသတ်ခဲ့ပြီး ကြိုးဝိုင်း နှင့် သံဇကာဝိုင်းတွေမှာ နိုင်ပွဲများစွာကို ပိုင်ဆိုင်နိုင်ခဲ့သူတစ်ယောက်ဖြစ်ကြောင်း MMA မှတ်တမ်းများအရသိရပါတယ်။  

အဆိုပါ MMA ပြိုင်ပွဲတွေထဲမှာ ပရိသတ်တွေမသိရှိခဲ့တဲ့ အောင်လအန်ဆန်းရဲ့ လက်ဝှေ့ပွဲတွေကတော့ များစွာရှိခဲ့ပြီး အတိတ်ရဲ့ စာမျက်နှာကောင်းများစွာကိုလည်း ပိုင်ဆိုင်ခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ ပရိသတ်တွေမသိရှိသေးတဲ့ အောင်လအန်ဆန်းရဲ့ အတိတ်က ကြိုးဝိုင်းပေါ်နှင့် သံဇကာဝိုင်းထဲမှာ ပွဲကောင်းနှစ်ပွဲကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VEDIO - CHAN NYEIN  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။