နိုဝင်ဘာ ၇ ရက်နေ့က ကင်မရွန်းနိုင်ငံ အနောက်ပိုင်းက ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားကျောင်းသူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ကျောင်းသားကျောင်းသူတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဆရာ ၂ ဦးကိုတော့ မလွတ်ပေးသေးပဲ ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။အဆိုပါ ကျောင်းသားကျောင်းသူတွေကို ဘာဖုမြို့ကနေ ၁၈ ကီလိုမီတာဝေးတဲ့ နေရာမှာ ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရသိရပါတယ်။ 

ပြန်ပေးဆွဲသူတွေဟာ ကျောင်းသားကျောင်းသူတွေကို ဘာဖုမြို့မှာ ဖွက်ထားခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါနေရာသို့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ချဉ်းကပ်လာတဲ့အခါ ကလေးတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကင်မရွန်းစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကပြောပါတယ်။ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားကျောင်းသူတွေဟာ အင်္ဂလိပ်စကားပြောဒေသ ဘာမင်ဒါမြို့ ကျောင်းတကျောင်းကနေ ကလေးငယ် ၇၈ ဦးကို လက်နက်ကိုင်တွေက နိုဝင်ဘာ ၅ ရက်နေ့မှာ ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကျောင်းသားကျောင်းသူတွေ ပြန်လွတ်ပေးဖို့အတွက် လဲလှယ်မှုတွေ ပြုလုပ်ခဲ့ရတာမရှိဘူးလို့သိရပါတယ်။အဲဒီကလေးငယ်တွေ လွတ်မြောက်ရေးအတွက် စေ့စပ်ညှိနှိုင်းရေးမှာ ပါဝင်ခဲ့သူ ဘုန်းတော်ကြီးတပါးက အခုလို ပြန်လွှတ်ပေးဖို့ ပြန်ပေးငွေ ပေးခဲ့ရတာမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။