မနေ့က နိုဝင်ဘာလ 7 ရက်နေ့ညမှာတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့အနီးမှာရှိတဲ့ ဘားတစ်ခုမှာ သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

၎င်းသေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဘားကတော့ ကောလိပ်ကျောာင်းသားတွေ ပါတီပြုလုပ်လေ့ရှိတဲ့ ဘားတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။ 

၎င်းဘားအတွင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဘားကတော့ Borderline Bar & Grill ဘားဖြစ်ပြီး ဝင်ရောက်ပစ်ခတ်ခဲ့သူကတော့ အီယန် လို့ခေါ်တဲ့အမျိုးသားတစ်ဦးပဲဖြစ်ပါတယ်။

၎င်းသေနတ်သမားအီရန်ဟာ Glock .45 ပစ္စတိုသေနတ်ကိုသုံးပြီး ဘားအတွင်းမှာ မဲမဲမြင်ရာအကုန်ပစ်ခဲ့တာပဲဖြစ်ပါတယ်။ 

သေနတ်ပစ်ခံခဲ့ရသူတွေထဲမှာတော့ ဘားအတွင်းမှာကခုန်နေတဲ့ ကောလိပ်ကျောင်းသားတွေနဲ့ လူငယ်တွေပါဝင်ခဲ့သလို အခုလိုပစ်ခတ်မှုကြောင့်တော့ အနည်းဆုံး လူ၁၂ ဥိးလောက်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိသူတွေလည်း များစွာရှိခဲ့တယ်လို့သိရပါတယ်။

source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။