အဖေတွေဆိုတာကတော့ မိသားစုအတွက် ဘာမဆို စတေးရဲသူရဲကောင်းတွေဖြစ်ကြသလို သားသမီးတွေရဲ့ စားဝတ်နေရေးအတွက် ချွေးဒီးဒီးကျကာ ဝင်ငွေရှာပေးသူတွေလည်းဖြစ်ပါတယ်။ အခက်အခဲတွေဖြစ်လာရင်လည်း ရှေ့ကနေ မားမားမတ်မတ်ရပ်ကာ ကာကွယ်ပေးတတ်တဲ့ ဖခင်တွေက အင်မတန်မှကျေးဇူးကြီးမားလှတဲ့ ကျေးဇူးရှင်တွေပဲဖြစ်ပါတယ်။

ယခုအခါမှာလည်း မိသားစုအတွက် ဝင်ငွေရဖို့ ခက်ခက်ခဲခဲအလုပ်လုပ်နေရတဲ့ အဖေတစ်ယောက်၏ အကြောင်းကို ဖော်ပြပေးလိုပါတယ်။  

အဆိုပါ အဘိုးအိုကိုတော့ ဖိလစ်ပိုင်နိုင်ငံမှာ ဖိလစ်ပိုင်သူလေးတစ်ယောက်က ခရီးထွက်ရင်း ရှာတွေ့ခဲ့တာပါ။

ဒီအဘိုးအိုကို ရှာတွေ့ခဲ့တဲ့ကောင်မလေးကတော့ အာဘေးအန်ဟာနန်ဒက် ဖြစ်သလို သူမကတော့ ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ သူမအနေနှင့် မိသားစုနှင့်အတူ ပင်လယ်ဘက်ကို ခရီးထွက်ခဲ့ပါတယ်။ ထိုကဲ့သို့ မိသားစုနှင့် ပင်လယ်နားမှာ အပျော်စီးဖောင်ကို စီးရင်း ရေထဲမှာ လူတစ်ယောက်ကို တွေ့ခဲ့ပါတယ်။  

အစပထမက သူမအနေဖြင့် အဘိုးအိုကို ရိုးရိုးသာမန် ရေကူးသမားဟုသာထင်ခဲ့ပါတယ်။ အနားရောက်လာမှာ ရေခဲချောင်းရောင်းသူဖြစ်နေတာကြောင့် အံံသြခဲ့ရတာပါ။ အာဘေးအနေဖြင့် အဆိုပါ အဘိုးအိုထံမှ ရေခဲချောင်းဝယ်ရင်း အဘိုးအိုကိုမေးမြန်းခဲ့ရာ အဘိုးအိုအနေဖြင့် မိသားစုအတွက် ယခုကဲ့သို့ ခက်ရာခက်ဆစ်အသက်မွေးနေရကြောင်းကို သိရှိခဲ့ရတာပါ။ အာဘေးက အဆိုပါ အဘိုးအိုအကြောင်းကို Facebook ပေါ်တင်ခဲ့ရာ လူအများကအဘိုးအိုရဲ့အကြောင်းကို သိရှိခဲ့ကြပြီး မိသားစုရဲ့သူရဲကောင်းဆိုတဲ့ဘွဲ့လေးကို ဝိုင်းဝန်းပေးခဲ့ကြပါတယ်။

ပရိသတ်တွေလည်း မိမိတို့မိသားစုဘဝထဲက သူရဲကောင်းကြီးတွေကို တန်ဖိုးထားပြီး ဂရုစိုက်ပေးကြဖို့အတွက် ရည်ရွယ်ပြီး ယခုသတင်းလေးကိုဖော်ပြပေးလိုက်ရပါတယ်။  

source -Bangkapos

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။