မြန်မာနိုင်ငံရဲ့ အထင်ကရမြို့တော်ကြီးတစ်ခုဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ စည်းကမ်းမဲ့အမှိုက်ပစ်မှုကိုတော့ ပြည်တွင်းနေထိုင်သူအားလုံးလည်း သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ နာမည်ကြီးနေရာများစွာရှိတဲ့အပြင် လည်ပတ်သွားလာစရာနေရာတွေကြောင့် ပိုမိုထင်ရှားလျှက်ရှိပြီး လည်ပတ်သူများသလို စည်းကမ်းမဲ့အမှိုက်ပစ်သူလည်းများစွာရှိနေတာတွေ့ရပါတယ်။  

အဆိုပါ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေထဲမှာ ရန်ကုန်အထင်ကရနေရာတစ်ခုဖြစ်တဲ့ရန်ကုန်တက္ကသိုလ်ဝန်းကြီးလည်း ပါဝင်နေတာတွေ့ရပါတယ်။ မကြာသေးမီက ရောက်ရှိခဲ့တဲ့ ဘွဲ့နှင်းသဘင်ပွဲတွေမှာ လာရောက်သူများစွာရှိခဲ့ပြီးနောက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုပုံရိပ်တွေကတော့ ပရိသတ်တွေအမြင်ပဲဖြစ်မယ်ထင်ပါတယ်။  

ပြည်တွင်းပြောင်းလဲမှုအလွန်းနည်းပါးနေသေးတဲ့ ပြည်သူတွေရဲ့ နေထိုင်မှုတွေကြောင့် အခြားအခြားသောတိုင်းပြည်တွေရဲ့ ကဲ့ရဲ့ရှုံချမှုတွေကို များစွာကိုခံခဲ့ရတာအားလုံးအသိပဲဖြစ်မယ်ထင်ပါတယ်။ ပြင်ဆင်မှုတွေများစွာလိုအပ်နေတဲ့အထဲမှာ အဓိကအရေးကြီးဆုံးတစ်ခုဖြစ်တဲ့ စည်းကမ်းမဲ့အမှိုက်ပစ်မှုကိုတော့ ပရိသတ်တွေလည်း သတိပြုရှောင်ကြဉ်ကြဖို့ပြောကြားရင်း မကြာသေးမီကတွေ့ရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်မြင်ကွင်းပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos - ရဲလင်းအောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။