စာမေးပွဲဖြေခါနီး ကြိုးဆွဲချသေဆုံးသွားသော အသက် ၂၁ နှစ်အရွယ် ဆေးကျောင်းသား

ထိုဖြစ်စဉ်မှာ မန္တလေးမြို ့ ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီ ရပ်ကွက်တွင်ရှိသော အဆောင်တစ်ခုတွင် ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦးသည်

စာမေးပွဲဖြေခါနီးတွင် စိတ်ဖိစီးမှုများကာ ကြိုးဆွဲချသေဆုံးခြင်းဖြစ်ပါသည်။

သေဆုံးသူ အသက် ၂၁ နှစ်အရွယ်ဆေးတက္ကသိုလ်နောက်ဆုံးနှစ် Final Part (1) သည် အခန်းအဖော်နှင့်အတူ စာကျက်ပြီးနောက် ယင်းသို ့့့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ ့မှူးရုံးမှ စုံစမ်းသိရှိရပါသည်။

အခန်းအဖော်နှင့်အတူ စာကျက်နေချိန်တွင် စာမကျေညက်သေးသဖြင့် ကိုယ်စီစိတ်ညစ်နေခဲ့ကြကြောင်း အပြင်သို ့အတူ ထမင်းထွက်စားခဲ့ပြီးနောက် သေဆုံးသူ ကျောင်းသားမှာ တစ်ဦးတည်းအခန်းထဲတွင် ပြန်လည်စာကျက်နေစဉ် ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ ့မှူး ရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦး၏ပြောကြားချက်အရသိရှိရသည်။

အကြီးတန်းရဲအရာရှိတစ်ဦးက “ထမင်းစားပြန်လာပြီး သေသွားတဲ့ကောင်လေးက အခန်းထဲမှာ တစ်ယောက်တည်းစာကျက်နေတာ။ သူ ့အခန်းဖော်ကနေ

အအေးဝယ်ဖို ့အခန်းထဲကို သော့ပြန်ယူချိန်မှာ တံခါးမဖွင့်ပေးလို ့ဘေးက တရုတ်ကတ်မှန်ပေါက်ကနေ ချောင်းကြည့်လိုက်တော့ ထုပ်တန်းနိုင်လွန်ကြိုးနဲ ့ကြိုးဆွဲချလျက်ဖြစ်နေတယ်။ ချက်ချင်းဆေးရုံကို ခေါ်သွားတယ်။ အဲ့ဒီတုန်းကတော့ မသေသေးဘူး” ဟု ပြောကြားပါသည်။

သေကြောင်းကြံစည်သူဆေးကျောင်းသားသည် မတ္တရာမြို့နယ် ဘုရင့်နောင်ရပ်ကွက်တွင်နေသူဖြစ်ပြီး မန္တလေးပြည်သူ ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစဉ်

မတ်လ ၆ ရက် နံနက် ၅ နာရီတွင်သေဆုံးသွားခဲ့ကြောင်း အဆောင်ပိုင်ရှင်ဒေါ်ထားထား၏ ပြောကြားချက်အရသိရှိရသည်။ ဒေါ်ထားထားက

“ကောင်လေးတွေက စာမရလို ့စိတ်ဖိစီးမှုများတယ်လို ့ထင်တယ်။ မတ်လ ၆ ရက်က စာမေးပွဲဖြေရမယ့်နေ ့လေ။

ဒီနေ ့မနက် ၅ နာရီလောက်မှာ ဆုံးပါးသွားတယ်” ဟုပြောပါသည်။

ထိုကဲ့သို ့ကြိုးဆွဲချသေဆုံးသွားသောဖြစ်စဉ်နှင့် ပတ်သက်ပြီး ချမ်းအေးသာစံမြို ့မရဲတပ်ဖွဲ ့စခန်းတွင် ရဲအုပ်သန်းနို်င်က တရားလို ပြုလုပ်၍ သေကြောင်းကြံစည်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်ထားခဲ့ပါသည်။ သို ့သော် သေဆုံးခဲ့သဖြင့် သေမှုသေခင်း အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည့် တိုင်းဒေသကြီး ရဲတပ်ဖွဲ ့မှူးရုံးမှ စုံစမ်းသိရှိရသော စိတ်မကောင်းစရာ သတင်းလေးပင်ဖြစ်ပါသည်။

Source: 7days 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။