ပရိတ်သတ်ကြီးရေ ဒီနေ့ပြောပြမှာက သူရဲကောင်းဆိုတာနဲ့ပတ်သတ်ပြီးပြောပြမှာပါ။ မထူးဆန်းဘူးတော့မထင်လိုက်ပါနဲ့။ တကယ်ကိုထူးဆန်းပါတဲ့ဖြစ်ရပ်ပါ။ သူက သူရဲကောင်းဆိုပေမယ့် လူတစ်ယောက်တော့မဟုတ်ခဲ့ပါဘူးဗျ။ ခိုတစ်ကောင်ပါ။ ခိုမှစာပို့ခိုမလေးတစ်ကောင်ပါ။ သူကယ်ခဲ့တဲ့ လူတွေက အားကောင်းမောင်းသန်နဲ့ စစ်သားကြီးတွေပါ။ စစ်သား(၁၉၄)ယောက်ရဲ့အသက်ကိုကယ်ခဲ့တာပါ။ 

(၁၉၁၈) ပထမကမ္ဘာစစ် အကြီးအကျယ်ဖြစ်နေတဲ့အချိန် အောက်တိုဘာလ(၃)ရက်နေ့မှာ ဗိုလ်ချုပ် Charles White Whittlesey အပါအဝင် သူရဲ့စစ်သား ၁၉၀ကျော်ခန့်ဟာ ရန်သူတွေရဲ့ထောင်ချောက်မှာပိတ်မိနေခဲ့ပါတယ်။ ဒါကြောင့်သူတို့သေချာလေ့ကျင့်ပေးထားတဲ့ စာပို့ခိုလေးနဲ့ ပင်မဋ္ဌာနချုပ်ကို ဆက်သွယ်ခဲ့ပါတယ်။ ရန်သူတွေကလည်း အချဉ်မဟုတ်တော့ စာပို့ခိုလေးကိုသေနတ်တွေနဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့ကြတာပေါ့။

ဒါပေမယ့် ခိုလေးဟာ ပင်မဋ္ဌာနချုပ်ကို အရောက်သွားခဲ့ပြီး Whittleseyရဲ့စာကို အရောက်ပေးပို့ကာ စစ်သား(၁၉၄) ယောက်ရဲ့အသက်ကိုကယ်တင်ပေးနိုင်ခဲ့ပါတယ်။ သူပင်မဋ္ဌာနကိုရောက်တဲ့အချိန်မှာ သူ့မှာ မျက်လုံးတစ်ဖက်လည်းကွဲပြဲကာမမြင်ရတော့ဘဲ သွေးများရွှဲနေပါတော့တယ်။ ဒါ့အပြင်ခြေထောက်တစ်ဖက်လည်း ပြတ်နေခဲ့ပါပြီ။ ခိုလေးသေဆုံး သွားတဲ့နောက်မှာ သူ့ကိုခိုသူရဲကောင်းမလေးအဖြစ်မှတ်တမ်းတင်ကာ ဆုတံဆိပ်ချီးမြှင့်ခဲ့ပါတယ်။ ပြီးတော့ တာဝန်သိတတ်ပြီး သူရ သတ္တိနဲ့ပြည့်စုံတဲ့ ခိုမလေးကို World War 1ရဲ့အမှတ်တံဆိပ်အနေနဲ့ ပုံတူရုပ် ထုလုပ်ပြီး ယနေ့တိုင် ပြသထားပါသတဲ့.....။ဘယ်လောက်တောင် သတ္တိရှိလိုက်တဲ့ခိုလေးလဲနော်။ 

Source : en.wikipedia.org

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။