ဗြိတိန်နိုင်ငံရှိ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အသင်းဟာ သဘောၤပေါ်မှာ လိုက်ပါလာခဲ့တဲ့ ဖား ၃ကောင်ကို ကယ်တင်ခဲ့ရပါတယ်။ ဖြစ်ပုံကတော့ ဒိုမီနီကန်သမ္မတနိုင်ငံကနေ ငှက်ပျောသီးတွေ တင်ပို့နေတဲ့ သဘောၤပေါ်မှာ အရွယ်သေးငယ်တဲ့ ဖား ၃ ကောင်ကို ငှက်ပျောသီးတွေကြားမှာ ရှာတွေ့ခဲ့ပါတယ်။ 

ဒီဖားသုံးကောင်ကို အင်္ဂလန်နိုင်ငံ ၊ ဘလက်ဘန်းမြို့တွင် သဘောၤ၇ပ်နားတဲ့အခါမှ အလုပ်သမားတွေက တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ အလုပ်သမားတွေဟာ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ကို ဆက်သွယ်ပြီး အကြောင်းကြားခဲ့ပါတယ်။ မိုင်ပေါင်း ၄၃၀၀ ကွာဝေးတဲ့နေရာကနေ ဘယ်သူမှ မသိပဲ လိုက်ပါလာခဲ့တဲ့ ဒီဖားသုံးကောင်ကတော့ အတော်လေး ဆန်းကြယ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ယခုအခါမှာတော့ ဖို ဖား သုံးကောင်ဟာ ဗြိတိန်နိုင်ငံက တိရစ္ဆာန်ကာကွယ်စောင့်ရှောက်အသင်းရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ကောင်းမွန်ရှင်သန်နေထိုင်ကြပီပဲ ဖြစ်ပါတယ်။ ဒီသတင်းဟာ လူမှုစာမျက်နှာတွေပေါ်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး လူအများစိတ်ဝင်စားခဲ့ရပါတယ်။ 

Source : UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။