လက်တလောပရိသတ်တွေကြား မှာရေပန်စားနေတဲ့ မန္တလေးမြို့မှာ ညီအကိုနှစ်ယောက်ရဲ့ ယာဉ်တိုက်မှုသတင်းကတော့ စိတ်မကောင်းစရာကြားသိခဲ့ရမယ်ထင်ပါတယ်။ အဆိုပါ ယာဉ်တိုက်မှု ကတော့ ရုပ်ရှင်မင်းသားမြင့်မြတ်မောင်းနှင်ခဲ့ဖူးတဲ့ ပြိုင်ကားတစ်စီးဖြစ်ပြီး စည်းကမ်းမဲ့မောင်နှင်မှုကြောင့် အဖိုးတန်ရတနာနှစ်ယောက် ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ 

အဆိုပါ ပြိုင်ကား အတိုက်ခံရတဲ့ ညီအကိုနှစ်ယောက်ကတော့ စတုတ္ထနှစ်အင်ဂျင်နီယာ (BE Mechanical) MMU B.S.M Shipping ကျောင်းသား မောင်ကျော်ဇင်သက်နှင့် ပဉ္စမနှစ် Law ကျောင်းသား မောင်လွင်မင်းသန့်တို့ပဲ ဖြစ်ပါတယ်။ စိတ်မကောင်းစရာဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်သလို လိမ္မာသိတက်တဲ့ သားကောင်းနှစ်ယောက်ကို ဆုံးရူံးခဲ့တဲ့ မိဘတွေရဲ့ ဝမ်းနည်းမှုကို အားလုံးလည်း နားလည်ကြမယ်ထက်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၀ရက်နေ့ကတော့ အဆိုပါကလေးငယ်တွေရဲ့ဈာပနပွဲကိုပြုလုပ်ခဲ့ပြီး ဝမ်းနည်းမျက်ရည်များစွာနဲ့ ကျင်းပခဲ့ကြရတာတွေ့ရပါတယ်။ကြွေလွင့်သွားတဲ့ သားအကြီးက ၁၀တန်းမှာ All Dနဲ့အောင်ထားတာဖြစ်ပြီး လက်ရှိမိဘကိုပြန်လည်လုပ်ကြွေးနေသူတစ်ယောက်လည်း ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါကားမောင်းလာသူက ကားပိုင်ရှင်မဟုတ်ကားကရုပ်ရှင်ရိုက်ဖို့ဌားထားတာဖြစ်တယ်လို့သိရပါတယ်။ စိတ်မကောင်းစရာ ဈာပနတစ်ခုဖြစ်ခဲ့တဲ့အဆိုပါ ညီအကိုနှစ်ယောက်ရဲ့ မြင်ကွင်းကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photo.crd.... San San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။