တကယ်တော့ ဖခင်ဖြစ်သူကို စနောက်တဲ့သဘောနဲ့ တင်ထားတာပါ။

ဂီတလောကထဲမှာ ဆယ်စုနှစ်တစ်ခုအကြာ ရပ်တည်နေတဲ့ အဆိုတော် မီမီဝင်းဖေ

ကို သီချင်းတွေနဲ့အတူ မတွေ့ရတာအတော်လေးကြာနေပါပြီ။

အသံချိုချိုအေးအေးလေး ပိုင်ဆိုင်ထားတဲ့ မီမီဝင်းဖေ ဟာ ဟေမာနေဝင်း ၊ချောစုခင်တို့အနဲ့ အတူ ခေတ်ပြိုင်ဖြစ်ခဲ့တာပါ။

လက်တလောမှာတော့ အနုပညာအလုပ်တွေကိုနားထားပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်တွေပေးထားတဲ့ပုံပါပဲ ။

မီမီဝင်းဖေက ပန်းချီဆရာ တစ်ဦးဖြစ်သူ ဖခင်ဦးဝင်းဖေ ပန်းချီဆွဲနေတုန်း ဘေးကနေ နှောက်ယှက်နေတာဟာ ကလေးတစ်ယောက်လို နုပျိုနေတုန်းပါပဲ။

ပျော်ရွှင်နေပုံရတဲ့ မီမီဝင်းဖေ တို့သားအဖကို ကြည့်ရတာ စိတ်ချမ်းသာစရာပါပဲ။

သတင်းအရင်းမြစ် Mie Mie Win Pe fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။