အာစီယံဒေသတွင်းအဆင့်မြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ဆူဇူကီးဖလားပြိုင်ပွဲကတော့စတင်ကျင်းပနေပြီပဲဖြစ်ပါတယ်။အုပ်စု(က)မှာပါဝင်တဲ့မြန်မာအသင်းကတော့အဖွင့်ပွဲစဉ်အဖြစ်မနက်ဖြန်မှာကမ္ဘောဒီးယားအသင်းနဲ့မန္တလေးမြို့မန္တလာသီရိကွင်းမှာယှဉ်ပြိုင်ကစားတော့မှာလည်းဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲမှာအောင်မြင်မှုရဖို့အတွက်အသင်းကြီးတွေနဲ့ခြေစမ်းပွဲတွေကစားခဲ့ပြီးကာတာနိုင်ငံမှာသွားရောက့်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲနီးမှအသင်းရဲ့အဓိကကစားသမားနှစ်ယောက်ဒဏ်ရာရလို့အပြီးသတ်လူစာရင်းထုတ်ပြန်ဖို့ကြာနေပေမယ့်ဒီနေ့မှာတော့အပြီးသတ်လူစာရင်းထုတ်ပြန်ခဲ့တာပါ။မြန်မာအသင်းရဲ့အပြီးသတ်လူစာရင်းမှာတော့နာမည်ကြီးကစားသမားတွေဖြစ်တဲ့ဇော်မင်းထွန်း၊အောင်သူ၊သန်းထက်အောင်၊ဇင်မင်းထွန်းစတဲ့စကားသမားတွေပါဝင်လာခဲ့ပါတယ်။မြန်မာအသင်းဟာနက်ဖြန်ကစားမယ့်ပွဲအတွက်မန္တလေးမြို့မှာလေ့ကျင့်ခန်းအစီစဉ်တွေလုပ်နေတာလည်းဖြစ်ပါတယ်။

ကမ္ဘောဒီးယားအသင်းကလည်းအုပ်စုအဖွင့်ပွဲမှာမလေးရှားအသင်းကိုအိမ်ကွင်းမှာ(ဝ-၁)နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ကမ္ဘောဒီးယားအသင်းကလည်းဒီနှစ်ပြိုင်ပွဲမှာအကောင်းဆုံးခြေစမ်းတွေပိုင်ဆိုင်ထားတာကြောင့်မြန်မာအသင်းအနေနဲ့လျော့တွက်လို့ရမှာမဟုတ်ပါဘူး။ကမ္ဘောဒီးယားအသင်းကလည်းမန္တလေးမြို့သို့ရောက်နေပြီးလေ့ကျင့်ခန်းအစီစဉ်တွေမနားတမ်းလုပ်နေတာပါ။အုပ်စုအဖွင့်ပွဲအဖြစ်ယှဉ်ပြိုင်မယ့်မြန်မာအသင်းကတော့ကမ္ဘောဒီးယားအသင်းကိုအိမ်ကွင်းမှာဘယ်လိုယှဉ်ပြိုင်ကစားပြီးပရိတ်သတ်တွေကိုပျော်ရွှင်မှုတွေပေးမလားဆိုတာကတော့နက်ဖြန်မှာစောင့်မျှော်အားပေးကြပါဦးနော်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။