ဒီတစ်ပတ်Super Sundayရဲ့ပွဲကောင်းတစ်ပွဲကတော့မန်ချက်စတာဒါဘီတစ်ပွဲဖြစ်တဲ့မန်စီးတီးအသင်းနဲ့မန်ယူအသင်းတို့ပွဲစဉ်ပဲဖြစ်ပါတယ်။အစဉ်အလာရှိတဲ့အသင်းကြီး၂သင်းဖြစ်တာနဲ့အညီပရိတ်သတ်တွေအတွက်ပွဲကောင်းတစ်ပွဲဖြစ်လာမှကျိန်းသေပါတယ်။

ဒီနှစ်သင်းကတော့လက်ရှိအချိန်မှာအကောင်းဆုံးခြေစွမ်းတွေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။မန်စီးတီးအသင်းကလည်းဂိုးပြတ်နိုင်ပွဲတွေနဲ့တိုက်စစ်အင်အားအကောင်းဆုံးရှိနေတာလည်းဖြစ်ပါတယ်။မန်ယူအသင်းကလည်းချန်ပီယံလိဂ်ပြိုင်ပွဲမှာဂျူဗင်လိုအသင်းမျိုးကိုအနိုင်ယူထားတာကြောင့်စိတ်ဓာတ်ပိုင်းမှာအမြင့်ဆုံးဖြစ်နေတာပါ။မော်ရင်ဟိုကလည်းရလဒ်ဆိုးတွေထဲကမန်ယူအသင်းကိုရုန်းထွက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

ဒီနှစ်သင်းတွေ့ဆုံတိုင်းလည်းသွင်းဂိုးတွေအပြန်အလှန်သွင်းတက်ကြတာပါ။နောက်ဆုံးအကြိမ်တွေ့ဆုံမှုမှာတော့မန်ယူအသင်းကမန်စီးတီးအိမ်ကွင်းမှာ(၂-၃)နဲ့အပြန်လှန်ဂိုးတွေသွင်းပြီးအနိုင်ရခဲ့တာပါ။အဲ့ပွဲမှာမန်ယူအတွက်အနိုင်ဂိုးတွေသွင်းပေးတဲ့ပေါ့ဘာကတော့ဒီနေ့ညကန်မယ့်ပွဲကိုဒဏ်ရာကြောင့်လွဲချော်ဖို့ရှိနေတာပါ။နှစ်သင်းတွေ့ဆုံမှုတိုင်းအကြိတ်နယ်နဲ့အပြန်လှန်ဂိုးတွေသွင်းလေ့ရှိတဲ့မန်ချက်စတာဒါဘီပွဲကိုတော့ဒီည၁၁နာရီမှာစောင့်မျှော်အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Source:Manchester City

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။