ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့မှာ ညနေ ၅ နာရီနောက်ပိုင်း ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါပြီ။ 

တိုက်ပွဲဒဏ်ကိုအလူးအလဲခံလိုက်ရပြီးနောက်အခြေအနေတွေမငြိမ်သက်သေးတာကြောင့်လောက်ကိုင်မြို့က ပြည်သူတွေဟာ တိမ်းရှောင် ထွက်ပြေးနေကြဆဲဖြစ်ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ဂိတ် ရန်လုံးကျိုင်းဂိတ်နဲ့ အမှတ် ၁၂၅ နယ်ခြား မှတ်တိုင်ကြားမှာလည်း တိုက်ပွဲ တစ်ခု ဖြစ်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲသံတွေကြားနေရသော်လည်း မြို့တစ်ခုလုံးလူသူကင်းမဲ့နေပါတယ်။

မြန်မာ့တပ်မတော်ခြေလျင်တပ်တွေဟာ မြို့တွင်းလှည့်လည်ကာရှင်းလင်းမှုတွေကို ဒီနေ့ နေ့လည်ပိုင်းကစလုပ်နေပါတယ် 

အခုလောလောဆယ်တော့ ရန်လုံကျိုင်း-လောက်ကိုင်လမ်းကို ပိတ်ထားတာကြောင့် ရန်လုံကျိုင်းမှာရှိတဲ့ ပြည်သူတွေဟာ အခက်အခဲတွေ့နေရပါတယ် လို့ DVB သတင်းဌာနကထုတ်ပြန်ထားပါတယ်။

သတင်းအရင်းမြစ် DVB NEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။