အကယ်ဒမီ ဝတ်မှုန်ရွှေရည်ရဲ့ ထိုင်းရုပ်ရှင်ထူးချွန်ဆုပေးပွဲတက် ဂါဝန်ဂယက်

"From Bangkok To Mandalay" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ ဆန်ခါတင်စာရင်း ပါဝင်ခဲ့ပါတယ်။ ထိုပွဲသို့ မြန်မာနိုင်ငံမှ စိုင်းစိုင်းခမ်းလှိုင် နှင့် ဝတ်မှုန်ရွှေရည်တို့က တက်ရောက်ခဲ့ကြပါတယ်။

ထိုပွဲသို့ တက်ရောက်လာခဲ့တဲ့ ဝတ်မှုန်ရွှေရည်ဟာ ပန်းရောင်လည်ဟိုက်ဂါဝန်ကို ဝတ်ဆင်ထားတာဟာ မြန်မာပရိသတ်တွေကြား ဝေဖန်စရာဖြစ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံကို်ယ်စား သွားရောက်တဲ့ အနုပညာရှင်ဟာ မြန်မာဝတ်စုံကိုဝတ်ဆင်သင့်တယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ သူမရဲ့ ဖက်ရှင်နဲ့ ပတ်သတ်ပြီး သူမရဲ့ လူမှုကွန်ယက်မှာ ယခုလို ရေးသားပြီး သွယ်ဝိုက်ဖြေရှင်းလိုက်ပါတယ် ပရိသတ်ကြီးရေ………

"မြန်မာဝတ်စုံကော dress ကိုပါ last minute ချုပ်ပေးလိုက်တဲ့ Aunty Pauk (Mogok Pauk Pauk ) ကျေးဇူးတင်ပါတယ်

မြန်မာဝတ်စုံပါသွားပေမယ့်အရမ်း Heavy ဖြစ်နေတာရယ် Foreign Red Carpet event ဖြစ်နေတာရယ်ပွဲနဲ့မလိုက်လို့ တစ်ရက်နဲ့ dress ကို Urgent ချုပ်ပေးတဲ့ Magic နဲ့ချုပ်လိုက်တာလားတောင်မှတ်ရတဲ့ အန်တီပေါက်ရဲ့ အစွမ်းကို တကယ်အံ့သြမိပါရဲ့

Make Up နဲ့ Hair Stylist ကိုတော့ Thai က နာမည်ကြီးပညာရှင်တွေက ပြင်ပေးပါတယ်"

ကဲ အထင်တွေမလွဲတော့နဲ့နော် ပရိသတ်ကြီးရေ……

Source: Wut Hmone Shwe Yi

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။