ဝင်း နဲ့ ဇော် ကိုဖမ်းဆီးထားသော ဘန်ကွမ်းအကျဉ်းထောင် အကြောင်း

ကမ႓ာကျော် နာမည်ကြီး လိပ်ကျွန်းလူသတ်မှုအတွက် တရားခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ဝင်း နဲ့ ဇော် ကို သေဒဏ်ချမှတ်ခဲ့ပြီးပေမယ့် မြန်မာရှေ့နေများအနေနဲ့ ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးသို့ ဆက်လက်အယူခံ ဝင်သွားမယ်လို့ သိရပါတယ်။ သမ္မတကြီး ဦးထင်ကျော် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာလည်း ထိုကိစ္စနဲ့ပတ်သတ်ပြီး လွန်စွာစိတ်မကောင်းဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဝင်းနှင့် ဇော်ကို ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအကျဉ်းထောင်တစ်ခုဖြစ်တဲ့ ဘန်ကွမ်းအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ထိုထောင်အကြောင်းနှင့် ပတ်သတ်ပြီး ရှာဖွေထားတဲ့ သူတစ်ယောက်က သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ ထိုဘန်ကွမ်းထောင်အကြောင်း ရေးသားထားတာကို ပြနလည်ကူးယူ ဖော်ပြလိုက်ပါတယ်…

#ဝင်းနှင့်ဇော်

ဝင်းနှင့်ဇော်ကို ဘန်ကွမ်းအကျဉ်းထောင် ပြောင်းလိုက်

တာနဲ့ပတ်သက်ပြီး သတင်းတွေတွေ့ရလို့ online ကပဲ အဲ့ဒီ့ထောင်အကြောင်းကို ရှာ ကြည့်မိတယ်။

#အဲ့ဒီ့ထောင်မှာ အများအားဖြင့် သေဒဏ်ကျခံရသူတွေ ပြစ်မှုကြီးတွေ အများဆုံးထားပြီး အဆိုးရွားဆုံး နိုပ်စက်တဲ့ ထောင်လို့လဲ ရေးထားတာတွေ ဖတ်ခဲ့ရပါတယ်။

#ထောင်ရဲ့နာမည်အကြီးဆုံး နှိပ်စက်မှုမှာတော့ သံခြေချင်းတွေ အသေတတ်ခြင်းပဲဖြစ်ပြီး ထောင်အတွင်း ညှင်းပန်းနှိပ်စက်ပုံတချို့ကိုလဲ အရုပ်တွေနဲ့ ပြသထားတာတွေ တွေ့ရပါတယ်။

#အကျဉ်းကျလာသူ အကျဉ်းသားများကို လူရောစိတ်ပါ ချိုးနှိမ့် နှိပ်စက်တဲ့ ပုံရိပ်ဆိုးတချို့ တင်ပေးလိုက်ပါတယ်။

#နတ်ကောင်းနတ်မြတ်များ ဝင်းနှင့်ဇော်အား မတရား အပြစ်ဒဏ်မှ ကယ်တင်ပေးနိုင်ကြပါစေလို့ စိတ်မကောင်းစွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

#ဝင်းနှင့်ဇော်အား လွတ်စေချင်ကြသော မြန်မာပြည်သူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများလဲ ဆုတောင်းပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်။

#ဘန်ခွမ်းထောင်အတွင်း မြင်ကွင်းပုံရိပ်တချို့ online မှာရှာတွေ့လို့တင်ပေးလိုက်ပါတယ်...

Waizaw Khaing...

Source: Original Poser

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။