မန္တလေးမြို့ကြီး မလုံခြုံတော့ဘူးလား

၁ဝတန်းဖြေမဲ့ ကလေးကို လည်ပင်းဓားနဲ့ထိုးပြီး ဆိုင်ကယ်လုသွား

ကျွန်တော်တို့ မန်းလေးမြို့ကြီး မလုံခြုံတော့ဘူးဗျာ

သက်ဆိုင်ရာတွေ အပြစ်မဲ့ မြို့နေ လူတန်းစားတွေကို

ထိထိရောက်ရောက် စောင့်ရှောက်မှုတွေပေးသင့်ပါပြီ

မနေ့ည က ၆၅ လမ်းမှာ ည၁ဝနာရီလောက်ပေါ့ ဆယ်တန်းဖြေနေတဲ့ကျောင်းသားလေးက စာကျက်ရင်းမုန့်ခဏထွက်စားချင်တာနဲ့ ဦးလေးကဆိုင်ကယ်နဲ့ မုန့်ထွက်ဝယ်ပေးတာ တူဝရီး၂ယောက်ပေါ့ ...ဆိုင်ကယ်စီးရင်း ဦးလေးကပေါ့အပါးသွားချင်တာနဲ့ ခဏ ရပ်တုန်း မသမာသူ ၂ယောက်က ဆိုင်ကယ်လုချင်တာနဲ့ ဆယ်တန်းကလေးလည်ပင်းကို မြိနေတဲ့ဓားမြှောင်နဲ့ထိုးပြီး ဆိုင်ကယ်စီးထွက်ပြေးတယ်....ကလေးကလည်ပင်းက ပူကနဲ ဘာကောင်ကိုက်သလည်းပဲမေးနိုင်တယ်သွေးတွေတအားထွက်ပြီးလဲတယ်....အဲ့အခင်းဖြစ်ပွားရာမှာနာရေးအိမ်ရှိတော့ ကယ်ပါ ယူပါဦးလေးကအော်ရှာတော့ နာရေးအိမ်က လူတွေပါလိုက်တယ် အနီးနားလက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲ လုံခြုံရေးမှူးကလည်းလိုက်တယ် လုံခြုံရေးမှူးဗိုက်ကို ၂ချက်ဓားနဲ့ထိုး ထွက်ပြေးကြတယ်......မသမာသူ မိုက်ရိုင်းရက်စက်သူများကို မမိပါဘူး......မနက်ကျ ဆယ်တန်းကလေး ဆုံးပါတယ်....ရဲကဆေးရုံရောက်ပါတယ်........မသမာသူ ယုတ်မာသူ ကို မမိပါဘူး.............မိဘတွေမှာ သားလည်းဆုံး ပစ္စည်းလည်းဆုံး ယုတ်မာ မိုက်ရိုင်းတဲ့တရားခံလည်းမမိလို့ မန္တလေးမြို့သားတစ်ဦးက ယခုလိုဘဲ စိုးရိမ်ပူပန်စွာနဲ့ စာရေးသားထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။