ဒီမှာ...အရေးကြီးဆုံးက ပိုက်ဆံ အာဏာ ပါဝါ ... အဲ့လိုဖြစ်နေတဲ့ခေတ်ထဲမှာ ပိုက်ဆံမရှိလည်း စားလို့ရတဲ့စားသောက်ဆိုင်ဆိုလို့ ဘုရားစူး ဒီတစ်ဆိုင်ပဲရှိမယ်ထင်ပါတယ်ဗျာ။ တကယ်လို့ပိုက်ဆံပါလို့ရှင်းမယ်ဆိုရင်လည်း ပေးချင်သလောက်ပဲပေးလို့ရသတဲ့ဗျ။ အစားတစ်လိုင်းတွေအတွက်ကတော့ အိုခေ စိုပြေပေါ့ဗျာ။

Soul Kitchen လို့အမည်ပေးထားတဲ့ ဒီဆိုင်ကိုတော့ အမေရိကားမှာဖွင့်ထားတာပါ။ ဖွင့်တဲ့ သူကလည်း ပါချီပါချက်တစ်ယောက်တော့မဟုတ်ပါဘူး။ ကမ္ဘာကျော် Rockအဆိုတော် တစ်ယောက်ဖြစ်တဲ့ဂျွန်ဘွန်ဂျိုဗီပဲဖြစ်ပါတယ်။ စားသောက်ဆိုင်လေးကသန့်လည်းသန့်သလို လာဝင်စားသောက်ကြတဲ့သူတွေတစ်နေ့တစ်နေ့မနည်းမနောပါပဲတဲ့ဗျာ။

ဒီဆိုင်လေးမှာထူးခြားတာကတော့ ဆိုင်ထဲကဘယ်လိုအစားအသောက်ကိုမှဈေးနှုန်းမသတ်မှတ်ပေးထားပါဘူးတဲ့။ အပေါ်မှာပြောခဲ့သလိုပဲ ပိုက်ဆံကို ပေးချင်သလောက်သာပေးခဲ့နိုင်ပြီး ပိုက်ဆံမပါဘူး မပေးချင်ဘူးဆိုရင်လည်း နဲနဲပါးပါးလေးဝိုင်းကူလုပ်ပေးရုံနဲ့ အလကားစားသွားလို့ရပါသတဲ့ဗျာ။သူရဲ့စေတနာသူပြန်အကျိုးပေးတယ်ပဲဆိုရမလားပဲ။ ဂျွန်ဘွန်ဂျိုဗီဟာ ကမ္ဘာ့အချမ်းသာဆုံး အဆိုတော်တစ်ယောက်ဖြစ်လာခဲ့ရပါတယ်။

Source:MNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။