အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပပြုလုပ်လေ့ရှိတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့နှစ်ကူးပွဲတော်မှာတော့ မိုးဘိုင်းဖုန်းအင်တာနက်ကို ပိတ်ပင်ပေးရန် ဟိန္ဒူဘာသာဝင်တွေက ဖုန်းကုမ္ပဏီတွေကိုတောင်းဆိုထားတယ်လို့သိရပါတယ်။ယခုလိုပွင့်လင်းမြင်သာလာတဲ့ခေတ်ကာလမှာ လူအများစုက မိုဘိုင်းဖုန်းတွေကိုသာ အသုံးပြုနေကြပြီး ဘာသာရေးပွဲကိုတောင်ပါဝင်ဆင်နွှဲမှု တွေကျဆင်းလာတာကြောင့်အခုလို တောင်းဆိုခဲ့တာလဲဖြစ်ပါတယ်။

ဘာလီကျွန်း ဆက်သွယ်ရေးဝန်ကြီးဌာန အကြီးအကဲဖြစ်တဲ့ Nyoman Sujaya ကတော့ ယခုကျင်းပမယ့်ပွဲတော်ရက်မှာ မိုင်းဘိုင်းဖုန်း အင်တာနက်တွေနဲ့ဘာလီကျွန်းလေဆိပ်ကို ၂၄ နာရီပိတ်ထားမယ်လို့ကြေညာခဲ့တာပဲဖြစ်ပါတယ်။သို့ပေမယ့် အရေးပါတဲ့ ဟိုတယ်၊ဘဏ်၊ လုံခြုံရေး၊ ဆေးရုံ ၊ လေဆိပ်နဲ့ ဟိုတယ်တွေက ဝိုင်ဖိုင်တွေကို တော့ အသုံးပြုခွင့်ပေးထားမှာဖြစ်တယ်လို့သိရပါတယ်။

ဟိုးအရင်တုန်းကလဲ ယခုလိုတောင်းဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် အစိုးရဘက်ကတော့ အသိအမှတ်ပြုခဲ့ခြင်းမရှိပါဘူး။ယခုနှစ်မှသာခွင့်ပြုခဲ့တာဖြစ်တယ်လို့လဲသိရပါတယ်။ ယခုလိုကျင်းပတဲ့ နှစ်သစ်ကူးပွဲတော်ကိုတော့ Nyepi လို့ခေါ်တွင်ပြီး တနည်းအားဖြင့် ဆိတ်ငြိမ်တဲ့နေလို့လူသိများကြတယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။