ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ လူသားတစ်ယောက် ပဋိသန္ဓေ တည်တဲ့ အချိန်က စပြီး မွေးဖွားလာတဲ့ အချိန်အထိ အဆင့် ဆင့် ဖြစ်ပေါ်လာပုံကို မှတ်တမ်းတင်ထားတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ ပုံ တစ်ပုံချင်းစီဟာ တစ်ဆင့်ချင်းစီ ဖြစ်ပေါ်လာပုံကို ရှင်းလင်းဖော်ပြထာတာပဲ ဖြစ်ပါတယ်။ 

လူသားတစ်ယောက် ဖြစ်တည်လာမှုဟာ အလွန်ပဲ ဖြစ်နိုင်ခဲပြီး ဗုဒ္ဓဘာသာ အယူအဆအရဆိုရင် လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်း သာ ဆုံချင်ဆုံမယ် လူတစ်ယောက် ဖြစ်ပေါ်လာပုံကတော့ အလွန်အမင်းကို ခဲယဉ်းတယ်လို့ အဆိုတွေလည်းရှိခဲ့ပါတယ်။ အခုပုံရိပ်လေးတွေဟာ လူသားတစ်ယောက် မိခင်ဗိုက်ထဲမှာ ဘယ်လို စတင် ဖြစ်ပေါ်လာခဲ့သလဲဆိုတဲ့ ပုံရိပ်လေးတွေလည်း ဖြစ်ပါတယ်။ 

လူလောကထဲကို ရောက်ရှိလာဖို့အတွက် မိခင်တွေဟာ ပင်ပန်းဆင်းရဲ စွာဖြင့် ကိုးလလွယ်ပြီး ဆယ်လဖွားခဲ့ရပါတယ်။ ယခုဒီပိုစ့်လေးကို ဖော်ပြပေးရတဲ့ အကြောင်းအရင်းကတော့ မိခင် ဝမ်းဗိုက်ထဲမှာ ဘယ်လိုနေခဲ့ရလဲဆိုတာကို ဗဟုသုတအဖြစ် သိရှိစေရန်နှင့် မိခင်မေတ္တာကို သဘောပေါက် နားလည်စေရန်အတွက် ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိဘအပေါ် သိတတ်နားလည်တဲ့ သားသမီး အလိမ္မာလေးတွေ ဖြစ်ကြပါစေနော်….

Source : Drunken

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။