နိုင်ငံအသီးသီးမှာ စီပွားရေးကျပ်တည်းမှုတွေကြောင့် လူအများစုဟာစားဝတ်နေရေးကျပ်တည်းမှုတွေ အများအပြားဖြစ်ပေါ်နေကြပါတယ်။ အလုပ်အကိုင်အဆင်မပြေမှုရဲ့ နောက်ထွက်ဆိုးကျိုးတစ်ခုကတော့ လူတွေဟာ စား၊ဝတ်၊နေ၊ရေးအဆင်ပြေရန်အလို့ငှာ မိမိတို့ရဲ့ကိုယ်တွင်းအင်္ဂါများကို ထုတ်ယူရောင်းချမှုများရှိနေကြပါတယ်။ တစ်ချို့တွေဆိုရင်လည်း ကြွေးမြီးတွေမဆပ်နိုင်တဲ့အတွက် ကိုယ်အင်္ဂါတွေကို ထုတ်ပေးလိုက်ရတဲ့ ပြသနာမျိုးတွေ ဖြစ်ပေါ်နေကြပါတယ်။

ဒီအကြောင်းအရာလေးတွေနဲ့ စပ်လျဉ်းပြီး အိန္ဒိယနိုင်ငံမှာလည်း အမျိုးသမီးတဦးရဲ့ ကျောက်ကပ်ကိုခိုးယူရောင်းချမှုခံခဲ့ရတယ်လို့သိရပါတယ်။ ခိုးယူရောင်းချသူနှစ်ဦးမှာ ခင်ပွန်းသည်နဲ့ ခဲအိုတို့ဖြစ်ပြီး သူမရဲ့ မင်္ဂလာဆောင် တင်တောင်းငွေအစား သူမကျောက်ကပ်အား ခိုးယူခဲ့တယ်လို့ သိရပါတယ်။  

ဒီဖြစ်ရပ်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်က အမျိုးသမီး ဗိုက်အောင့်ပြီး အူအတက်ခွဲစိတ်စဉ် အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက စီစဉ်ပြီး သူမရဲ့ကျောက်ကပ်တစ်လုံးကိုထုတ်ယူထားခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့်သူမဟာ နောက်ပိုင်းမှာ ကျန်းမာရေးပြသနာတစ်ခုကြောင့် ဆေးစစ်ချက် နှစ်ခုပြုလုပ်တဲ့အခါမှာတော့ သူမရဲ့ကျောက်ကပ်တခု ပျောက်နေတယ်ဆိုတာ သိခဲ့ရတာဖြစ်ပါတယ်။

သူမသိရှိခဲ့ချိန်မှာတော့ အရမ်းအခါနှောင်းသွားခဲ့ပြီဖြစ်ပြီး သူမရဲ့ကျောက်ကပ်က လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ထဲက ခင်ပွန်းနဲ့ ခဲအိုတို့ရဲ့လက်ချက်နဲ့ ရောင်းစားခံခဲ့ရပြီပဲဖြစ်ပါတယ်။

source - Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။