အာစီယံဒေသတွင်းအဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ဆူဇူကီးဖလားပြိုင်ပွဲတွေကိုစတင်ကျင်းပနေတာဖြစ်ပြီးမြန်မာအသင်းကတော့ဒီနေ့ည၆နာရီမှာအဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။မြန်မာအသင်းဟာအဖွင့်ပွဲစဉ်အဖြစ်ကမ္ဘောဒီးယားအသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ကမ္ဘောဒီးယားအသင်းကတော့အုပ်စုဒုတိယပွဲစဉ်ဖြစ်ပြီးပထမအဖွင့်ပွဲကအိမ်ကွင်းမှာမလေးရှားအသင်းကိုရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းကလည်းဒီပြိုင်ပွဲမှာအောင်မြင်မှုရဖို့အတွက်အကောင်းဆုံးခြေစမ်းပွဲတွေနဲ့ကာတာမှာသွားရောက်နေထိုင်ပြီးလေ့ကျင့်ခဲ့တာလည်းဖြစ်ပါတယ်။မနေ့ကထုတ်ပြန်လိုက်တဲ့အပြီးသတ်လူစာရင်းမှာတော့နာမည်ကြီးအောင်သူ၊ဇော်မင်းထွန်းစတဲ့အမာခံကစားသမားတွေပါလာခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းကစားသမားတွေကလည်းစိတ်ဓာတ်ပိုင်းအမြင့်ဆုံးမှာရှိနေပြီးပရိတ်သတ်တွေကိုအနိုင်ရလဒ်တွေယူပေးဖို့အဆင်သင့်ဖြစ်နေတာပါ။

ကမ္ဘောဒီးယားအသင်းကလည်းသူတို့အသင်းရဲ့မန်နေဂျာဖြစ်တဲ့ဟွန်ဒါလာရောက်ကိုင်တွယ်မှာဖြစ်တာကြောင့်ကစားသမားတွေကတော့စိတ်ဓာတ်တွေတက်ကြွနေတာပါ။မြန်မာအသင်းနဲ့တွေ့ဆုံတဲ့နောက်ဆုံး၅ကြိမ်မှာလည်းမြန်မာအသင်းက(၄)ကြိမ်နိုင်ပြီးတစ်ပွဲသာသရေရလဒ်ထွက်ပေါ်တာဖြစ်ပါတယ်။နောက်ဆုံးအကြမ်တွေ့ဆုံမှုမှာလည်းအောင်သူနဲ့ဇော်မင်းထွန်းကဂိုးတွေသွင်းယူထားတာကြောင့်ဒီပွဲမှာလည်းဂိုးတွေသွင်းပြီးပရိတ်သတ်တွေလိုချင်တဲအနိုင်ရလဒ်ရယူပေးနိုင်မလားဆိုတာကတော့ဒီနေ့က(၆)နာရီမန္တလာသီရိကွင်းကြီးမှာသွားရောက်ကြည့်ရှုအားပေးကြပါဦးနော်။ကွင်းထဲသွားမကြည့်ရတဲ့ပရိတ်သတ်တွေအတွက်လည်းမြန်မာ့အသံ(MRTV)ကတိုက်ရိုက်ပြသမှာဖြစ်တာကြောင့်စောင့်မျှော်အားပေးကြပါဦးနော်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။