ဒီတစ်ပတ်မှာတော့ ပရိသတ်ကြီးအတွက် ရယ်ရယ်မောမောဖြစ်စေမယ့် ဟာသပုံရိပ်လေးတွေအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ဗျ။ တစ်နေ့တာ ပင်ပန်းလာတဲ့ ဘဝအမောတွေကို ဖြေချင်လို့ပဲဖြစ်ဖြစ် ၊ တစ်ယောက်တည်း ပျင်းနေတဲ့အချိန်ပဲ ဖြစ်ဖြစ် ရယ်မောပျော်ရွှင်စေဖို့အတွက် မိန်းမသားတွေနဲ့ ဈေးဝယ်အတူလိုက်သွားမိတဲ့အခါ ယောကျာ်းလေးတွေ ဘယ်လို ဖြစ်သွားကြသလဲဆိုတာကို ဟာသပုံရိပ်လေးတွေ အဖြစ်စုစည်းပေးထားပါတယ် ပရိသတ်ကြီးရေ...

မိန်းကလေးတွေအများစုဟာ ဈေးဝယ်ထွက်တဲ့အခါ ပစ္စည်းတစ်ခုကို အသေအချာ အရည်အသွေးကောင်း မကောင်းစစ်စေးသည့်အပြင် ၊ ဈေးကြီးလွန်းရင်လည်း တစ်ခြားဆိုင်ကို ပြောင်းဝယ်တတ်ကြတာ များပါတယ်။ ဒါ့အပြင် ပစ္စည်းအမျိုးအစားချင်းတူရင်တောင် တံဆိပ်မတူတဲ့ ပစ္စည်းတွေကို နှိုင်းယှဉ်ပြီးမှ အသေအချာရွေးချယ်ဝယ်ယူတတ်ကြပါသေးတယ်။ ဒီအချိန်မှာ သူတို့နဲ့အတူ ဈေးဝယ်လိုက်မိတဲ့ ယောကျာ်းလေးတွေ ခမျာအချိန်အကြာကြီး စောင့်ရတဲ့ဒဏ်ကိုမခံနိုင်တော့ပဲ 

ပုံထဲမှာ မြင်ရတဲ့အတိုင်း ပိုးစိုးပက်စက် ဟန်မဆောင်နိုင်ပဲ အိပ်ပျော်သွားကြပါတော့တယ်။ ပရိသတ်ကြီးလည်း ပုံထဲကလိုမျိုး အဖြစ်အပျက်လေးတွေကြုံဖူးတယ်ဆိုရင် ပြန်လည်ပြောပြပြီး ဝေမျှလို့ရပါတယ်နော်။ တစ်ယောက်ရဲ့ အဖြစ်အပျက်လေးတွေကို တစ်ယောက်နဲ့ တစ်ယောက်ဖလှယ်လိုက်ရင် ဖတ်ကြည့်ပြီး ရယ်ဖို့ကောင်းနေမှာပါ။ ပုံလေးတွေကိုကြည့်ပြီးတော့လည်း ဘဝအမောလေးတွေ ပြေပြီး ရယ်မောနိုင်ကြပါစေနော် ပရိသတ်ကြီးရေ...

Source : Did U Know ? 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။