ပြည်တွင်းမကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိတဲ့ ယာဉ်တိုက်မှုတွေကတော့ ပရိသတ်တွေအမြဲကြားသိနေကြမယ်ထင်ပါတယ်။ ဆိုးရွားတဲ့ ယာဉ်တိုက်မှုများစွာနှင့်အတူ ထိခိုက်ဆုံးရှုံးမှုများစွာရှိခဲ့တဲ့ ယာဉ်တိုက်မှုတွေကတော့ ပရိသတ်တွေကြားရေပန်စားလျှက်ရှိနေတာပဲဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့အစောပိုင်းမှာပဲ ပြင်းထန်တဲ့ ယာဉ်တိုက်မှုကြီးတစ်ခုကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကြီးကတော့ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၉နာရီ ဝန်းကျင်လောက်က ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့ ဒီကနေ့ ၉နာရီ မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းမကြီးပေါ်တွင် ယာဉ် ၇စီး တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ၎င်းဖြစ်စဉ်နောက်တွင် အငှားယာဉ်တစ်စီး အင်ဂျင်ခန်းမှ မီးခိုးထွက်မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

ဆိုးရွားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ ပုလဲအရန်မီးငတ်တပ်ဖွဲ့မှ မီးငြိမ်းငတ်ယာဉ်တစီးရေသယ်ယာဉ်တစီးလူနာတင်ယာဉ်တစီးတပ်ဖွဲ့ဝင်၁၅ဦးဖြင့်သွားရောက်ကူညီခဲ့ပြီးယာဉ်တိုက်မှု့တွင်ဆီဘောက်ဆာယာဉ်တစီးပါဝင်နေကြောင်း သိရပါတယ်။ လက်ရှိအဆိုပါ မီးလောင်မှုကို တာဝန်သိပြည်သူများအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နယ်မြေခံအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကူညီဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။ ဆိုးရွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တဲ့ ဒီကနေ့ ၇စီးဆက်ယာဉ်တိုက်မှုပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - ပုလဲအရန်မီးသတ်တပ်ဖွဲ့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။