မြန်မာနေရှင်နယ်လိဒ်ကြီးကျင်းပလာတာအချိန်ကြာလာတဲ့အမျှနိုင်ငံအသင်းအတွက်အကောင်းဆုံးကစားသမားတွေအများအပြားမွေးထုတ်ပေးနေတာပါ။အရှေ့တောင်အာရှကကပ်အသင်းတွေကခေါ်ယူဖို့စိတ်ဝင်စားကြပြီးနိုင်ငံရပ်ခြားမှာကစားနေကြပါပြီး။မြန်မာအသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့အောင်သူတို့ကတော့ထိုင်းပရီးမီးယားလိဒ်မှာကစားနေကြပီးခြေစွမ်းပြဂိုးတွေသွင်းတာကြောင့်ပရိတ်သတ်တွေအပြင်ထိုင်းထိပ်သီးအသင်းတွေကပါခေါ်ယူဖို့စိတ်ဝင်စားနေကြတာပါ။ 

လာမယ့်ဘောလုံးရာသီမှာတော့မြန်မာကစားသမားအများစုကိုထိုင်းလိဒ်မှာမြင်တွေ့ဖို့ရှိနေတာပါ။ဇော်မင်းထွန်းစတဲ့ကစားသမားတွေကိုလည်းထိုင်းထိပ်သီးအသင်းတွေကခေါ်ယူဖို့ကြိုးစားနေပြီးအောင်သူကိုလည်းကစားသမားအလိုက်ပေးပြီးခေါ်ယူဖို့သတင်းတွေထွက်ပေါ်နေတာပါ။ကျင်းပပြီးစီးခဲ့တဲ့မြန်မာနေရှင်နယ်လိဒ်ပြိုင်ပွဲအပြီးမှာအာစီယံအကောင်းဆုံးကစားသမား၁၀ယောက်ထုတ်ပြန်ခဲ့ရာမြန်မာကစားသမား၃ဦးထိပါဝင်ခဲ့တာပါ။

အောင်သူ၊စည်သူအောင်၊မောင်မောင်လွင်တို့ပါဝင်ခဲ့ပြီးအာစီယံထိပ်သီးကလပ်အသင်းတွေကတော့ဒီကစားသမားတွေကိုခေါ်ယူဖို့စောင့်ကြည့်နေကြပါပြီ။ဒီကစားသမားတွေကတော့မြန်မာ့လက်ရွေးစင်အသင်းမှာလည်းမပါမဖြစ်အဓိကကစားသမားတွေဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့တို့တက်ပြောင်းလဲလာတဲ့မြန်မာဘောလုံးလောကအတွက်အာစီယံဒေသတွင်းမှာတောင်အကောင်းဆုံးကစားသမားတွေစာရင်းမှာတောင်ပါဝင်လာကတော့အားရစရာပဲဖြစ်ပါတယ်။

SOURCE:Asean Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။