ဒီတစ်ခေါက်ကတော့ ပရိတ်သတ်တွေ မသိသေးတဲ့ ထင်းကနေပြုလုပ်ရရှိတဲ့ မီးသွေးက အသားအရေ အတွက် ဘယ်လောက်အသုံးဝင်တယ်ဆိုတာကို ပရိတ်သတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ အရင်ကဆိုရင် အိမ်တိုင်းမှာ မီးသွေးကို အဓိကအသုံးပြုပြီး ချက်ပြုတ်ကျပါတယ်။ မီးသွေးကို ချက်ပြုတ်တဲ့ နေရာမှာ အသုံးပြုရုံသာမက အလှကုန်ပစ္စည်းတွေမှာလည်း အသုံးပြုကြပါတယ်။ မီးသွေးဟာ အသားအရေးအတွက် ဘယ်လောက်အသုံးဝင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) မီးသွေးက အသားအရေ အတွက် ကောင်းမွန်တဲ့ ဓာတ်တွေများစွာပါဝင်တာကြောင့် မျက်နှာ ပေါ်မှာရှိတဲ့ ဆဲလ်အသေတွေ ဖုန်နဲ့ အညစ်အကြေးတွေကို ထိရောက်စွာဖယ်ရှားပေးနိုင်ပါတယ်။ မျက်နှာရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ရှိတဲ့ ဖုန်နဲ့ အညစ်အကြေးတွေကိုဖယ်ရှားနိုင်တာကြောင့် အရမ်းကို ကောင်းမွန်တဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။

(၂)လှပတဲ့ မျက်နှာလေးကို ဖျက်စီးနေတဲ့ ဝက်ခြံတွေကိုလည်းဖယ်ရှားပေးနိုင်လို့ ပျိုမေတို့ အတွက်ကော ကိုကိုတွေ အတွက်ကော အရမ်းကို အသုံးဝင်တဲ့ အဖိုးတန်ပစ္စည်းလေးဖြစ်မှာ အမှန်ပါ။ မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံ ဖြစ်ပွားစေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ အပြင် အစိုဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။

(၃) မျက်နှာပေါ်မှာ ချွေးပေါက်တွေကျယ်တဲ့ အခါ မလိုလားအပ်တဲ့ ဖုန်နဲ့ အညစ်အကြေးတွေကို ဝင်ရောက်စေနိုင်တာကြောင့် ဝက်ခြံတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒီအတွက်လည်း မီးသွေးက အကောင်းဆုံး စွမ်းဆောင်မှုတွေကို ပေးနိုင်ပါတယ်။ မီးသွေးပါဝင်တဲ့ အလှကုန်ပစ္စည်းတွေနဲ့ မျက်နှာလေးကိုသန့်စင်ပေးမယ်ဆိုရင် ချွေးပေါက်တွေကို ကျင်းစေရုံသာမက မျက်နှာလေးကိုလည်းတင်းရင်းစေပါတယ်။

(၄)အသက်အရွယ်ကြီးလာတဲ့ အခါ မျက်နှာပေါ်မှာ အရေးကြောင်းလေးတွေ ပေါ်လာပြီး အသားအရေ လျော့ရွဲ ခြင်းကိုလည်းဖြစ်ပွားစေနိုင်ပါတယ်။ မီးသွေးဟာ မျက်နှာအသားအရေကို တင်းရင်းစေနိုင်တာကြောင့် အရမ်းကို အသုံးဝင်ပါတယ်။

(၅) ဒါပြင် မီးသွေးကို အခြေခံထုတ်လုပ်ထားတဲ့ အလုကုန်ပစ္စည်းတွေက အသားအရေမျိုးစုံနဲ့ ဓာတ်တည့်တာကြောင့် လူတိုင်းအတွက် ပိုပြီး အသုံးဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်။

အသားအရေ အတွက် မီးသွေးရဲ့ ကောင်းကျိုးတွေကတော့ တကယ်ကို ထိရောက်ပါတယ်နော်။ အိမ်မှာ ကိုယ်တိုင်လုပ်လို့ရမယ့် Charcoal mask လုပ်ပုံလေးတွေကိုလည်း မကြာခင်ပြောပြပေးသွားပါမယ်နော်။

Source:www.fashionlady.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။