ပရိတ်သတ်ကြီးရေ... အခု ပရိတ်သတ်တွေမြင်နေရတဲ့ လူတွေထဲမှာ သမာအာဇီဝ ကျကျနဲ့အောင်မြင်ချမ်းသာလာတဲ့ သူတွေရှိသလို ဒုစရိုက်အလုပ်တွေလုပ်ပြီးအောင်မြင်ချမ်းသာနေတဲ့ရာဇဝတ်သားတွေလည်းရှိပါတယ်နော်။ အခုပြောပြမယ့် ရာဇဝတ်သားကတော့ တကယ် ကို ဘောစိကျတဲ့ သူဋ္ဌေးတစ်ယောက်ပါ။

သူ့နာမည်ကတော့ ပတ်ဘလို အက်စ်ကိုဘာ ပဲဖြစ်ပါတယ်။ ၁၉၄၉ခုနှစ်မှာမွေးဖွားခဲ့ပြီး ၁၉၉၃ခုနှစ်မှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။ ကိုလံဘီယာနိုင်ငံသား အက်စ်ကိုဘာဟာ ဘိန်းလုပ်ငန်းကို အကြီးအကျယ်လုပ်ပြီး စီးပွားဖြစ်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ သူဝင်တဲ့တစ်လတစ်လ ဝင်ငွေဟာလည်း မနည်းမနောပါပဲဗျာ။

ဘယ်လောက်တောင်လဲဆိုရင် သူရဲ့တစ်လတစ်လဝင်ငွေကို စည်းဖို့အတွက် သားရေကွင်းဖိုးတောင် တစ်လကို ဒေါ်လာ၂၅၀၀လောက်ရှိသတဲ့ဗျာ။ မြန်မာငွေနဲ့သာဆိုရင် သိန်း၄၀မတ်တင်းလောက်ပေါ့။ ဒါတောင်တလစာအတွက် သားရေကွင်းဖိုးပဲရှိပါသေးတယ်နော်။ သူဟာ(၁၉၉၀)ခုနှစ်မှာဆိုရင် စစ်ချက်အရ အမေရိကန်ဒေါ်လာ ဘီလီယမ်(၃၀)လောက်တောင် ပိုင်ဆိုင်နေပြီး သမိုင်းတစ်လျှောက်မှာ အချမ်းသာဆုံးရာဇဝတ်သားအဖြစ်မှတ်တမ်းဝင်ခဲ့သတဲ့ဗျာ။

Source:Pablo Escobar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။