ပြည်တွင်းယုံကြည်ကိုးကွယ်သူများစွာအပြင် ပြည်ပနိုင်ငံတွေရဲ့ ယုံကြည်ကိုးကွယ်မှုတွေကိုရရှိထားတဲ့ မိုင်းဖုန်းဆရာတော်ဘုရားကြီးရဲ့ ဂုဏ်သတင်းကိုတော့ အားလုံးလည်း သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ သီလ သမာဓိ ပြည်စုံပြီး အံ့အားသင့်စရာ အစွမ်းအစများစွာပိုင်ဆိုင်ထားပြီး ပြည်တွင်းနာမည်ကြီး ဆရာတော်တစ်ပါးလည်းဖြစ်တာတွေ့ရပါတယ်။ ဘုန်းတန်ခိုးကြီးမြင့်တဲ့ ဆရာတော်တစ်ပါးဖြစ်တဲ့အပြင် ပြည်တွင်း ပြည်ပနာမည်ကြီးအနုပညာရှင်များစွာရဲ့ ကိုးကွယ်ရာ ဆရာတော်ကြီးလည်းဖြစ်ပါတယ်။  

မိုင်းဖုန်းဆရာတော်ကြီးရဲ့ ကျော်ကြားမှုကတော့ပြည်တွင်းအနှံ့အပြားမှာ ပျံ့နှံ့နေပြီး ယုံကြည်ကိုးကွယ်သူများစွာကတော့ ဆရာတော်ကြီးရှိရာဒေသတွေကို သွားရောက်ဖူးမျှော်လေ့ရှိတာတွေ့ရပါတယ်။ ဆရာတော်ကြီးကတော့ နယ်လှည့်သာသနာပြုလေ့ရှိပြီး အများကောင်းမှုများစွာကို ပြုလုပ်ပေးလျှက်ရှိတာတွေ့ရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့မှာလည်း ဆရာတော်ကြီးကတော့ ရှမ်းပြည်တောင်ပိုင်း ကာလိမြို့သို့ ကြွရောက်ခဲ့ပြီး ဘုရားထီးတော်တင်ပွဲကို ဦးဆောင်ခဲ့ကြောင်းသိရပါတယ်။  

ဆရာတော်ကြီးဦးဆောင်ခဲ့တဲ့ ဘုရားထီးတော်တင်ပွဲကတော့ ရှမ်းပြည်တောင်ပိုင်း ကာလိမြို့မှာပြုလုပ်ခဲ့တာဖြစ်ပြီး ဆရာတော်ကြီးအား ဒေသခံရာနဲ့ချီဖူးမျှော်ကြိုဆိုခဲ့ကြတာတွေ့ရပါတယ်။ မိုင်းဖုန်းဆရာတော်ကြီးကြွရောက် ထီးတော်တင်ခဲ့တဲ့ ဒီကနေ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos- BBC b 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။