အာစီယံဆူဇူကီးဖလားပြိုင်ပွဲအုပ်စု(က)မှာပါဝင်တဲ့မြန်မာအသင်းရဲ့အုပ်စုအဖွင့်ပွဲကိုတော့ကမ္ဘောဒီးယားအသင်းနဲ့ဒီနေ့ည(၆)နာရီကမန္တလေးမြို့မန္တလာသီရိကွင်းမှာယှဉ်ပြိုင်ကစားခဲ့ပါတယ်။အဆိုပါပွဲကိုပရိတ်သတ်တွေကွင်းလုံးပြည့်လာရောက်အားပေးခဲ့ကြတာပါ။ဒီပွဲစဉ်မှာတော့မြန်မာအသင်းကကမ္ဘောဒီးယားအသင်းကို(၄-၁)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာတော့အဓိကကစားသမားဖြစ်တဲ့အောင်သူကိုအရန်မှာထားပြီးမောင်မောင်လွင်၊ဇင်မင်းထွန်းစတဲ့ကစားသမားတွေနဲ့ပွဲထွက်ခဲ့တာပါ။မြန်မာအသင်းဟာပွဲစတာနဲ့ကမ္ဘောဒီးယားအသင်းကိုအကောင်းဆုံးတိုက်စစ်တွေနဲ့ဖိအားပေးကစားခဲ့တာပါ။ကမ္ဘောဒီးယားအသင်းကတော့ခံစစ်ကိုအဓိကကစားပြီးတန်ပြန်တိုက်စစ်ကိုသာကစားခဲ့တာပါ။တန်ပြန်တိုက်စစ်ကိုအားပြုတဲ့ကမ္ဘောဒီးယားအသင်းကတော့ပွဲကစားချိန်(၂၃)မိနစ်မှာမြန်မာအသင်းရဲ့အမှားကတစ်ဆင့်ဦးဆောင်ဂိုးရရှိခဲ့တာပါ။ဦးဆောင်ဂိုးရပြီးနောက်ပိုင်းမှာမြန်မာအသင်းကတောက်လျောက်ဖိအားပေးတိုက်စစ်ဆင်ခဲ့ပါတယ်။မြန်မာအသင်းကတစ်ဖက်သက်ဖိအားပေးရင်းနဲ့ပဲပထမပိုင်းမှာ(ဝ-၁)ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်နေခဲ့ပါတယ်။

မြန်မာအသင်းဟာဒုတိယပိုင်းပွဲကစားချိန်မှာတော့အောင်သူ့ကိုထည့်သွင်းကစားခဲ့ပြီးကမ္ဘောဒီးယားအသင်းကိုပိုမိုတိုက်စစ်မြှင့်ကစားလာတာပါ။တိုက်စစ်မြှင့်လာတဲ့မြန်မာအသင်းဟာပွဲကစားချိန်မိနစ်၆၀မှာတော့သိန်းသန်းဝင်းရဲ့ဖြတ်တင်ဘောကိုလှိုင်းဘိုဘိုကမြေမကျဘောသွင်းယူပြီးချောပဂိုးရခဲ့ပါတယ်။တစ်ဂိုးရပေမယ့်ကစားအားကိုမြှင့်တင်လာတဲ့မြန်မာအသင်းဟာပွဲကစားချိန်၆၈မိနစ်မှာတော့ကမ္ဘောဒီးယားနောက်ခံလူလပ်ထိခဲ့တာကြောင့်ပယ်နတီရခဲ့ပြီးအောင်သူအဆုံးသတ်ကန်သွင်းခဲ့ရာဂိုးသမားကာကွယ်နိုင်တဲ့အတွက်မြန်မာအသင်းနစ်နာရခဲ့ပါတယ်။ပယ်နတီရပြီးမကြာမှာပါပြစ်ဒဏ်ဘောရခဲ့ပြီးဂိုးသမားရဲ့အမှားကတစ်ဆင့်လူစားဝင်ကစားသမားသန်းထက်အောင်ကပထမဆုံးနိုင်ငံအသင်းတွက်ဂိုးသွင်းယူခဲ့ပြီး(၂-၁)နဲ့ဦးဆောင်နေခဲ့တာပါ။ဦးဆောင်ဂိုးရခဲ့ပေမယ့်အကောင်းဆုံးဖိအားပေးကစားရင်းပွဲကစားချိန်၈၇မိနစ်မှာမောင်မောင်လွင်ကန်လိုက်တဲ့ဘောလုံးကိုဂိုးသမားပုတ်ထုတ်ခဲ့ရမှကွင်းလယ်ကစားသမားစည်သူအောင်ကပိတ်သွင်းယူခဲ့ပြီး(၃-၁)ဆိုတဲ့ရလဒ်နဲ့ဦးဆောင်းနေတာပါ။ပွဲကစားချိန်ပြီးဖို့နီးလာတာနဲ့အမျှမြန်မာအသင်းကပိုဖိအားပေးလာပြီးပွဲပီးခါနီး၉၃မိနစ်မှာလှိုင်းဘိုဘိုကဂိုးပြတ်အနိုင်ဂိုးသွင်းယူခဲ့ပြီးပွဲအပြီးမှာ(၄-၁)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာပါ။နောက်ပွဲစဉ်အဖြစ်မြန်မာအသင်းဟာလာအိုအသင်းကိုအဝေးကွင်းမှာသွားရောက်ကစားရမှာဖြစ်ပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။