မနေ့ညကယှဉ်ပြိုင်အာစီယံဆူဇူကီးဖလားပြိုင်ပွဲအုပ်စု(က)ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာအသင်းနဲ့ကမ္ဘောဒီးယားအသင်းတို့ပွဲစဉ်ကိုမနေ့ည(၆)နာရီကမန္တလေးမြို့မန္တလာသီရိကွင်းမှာကျင်းပခဲ့တာပါ။ဒီပွဲစဉ်မှာတော့မြန်မာအသင်းက(၄-၁)ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်အနိုင်ရခဲ့တာပါ။ဒီပွဲကိုတော့မန္တလေးမြို့ရဲ့မြန်မာဘောလုံးအသင်းကိုအားပေးတဲ့ပရိတ်သတ်တွေဟာကွင်းလုံးပြည့်ထိုင်စရာနေရာမရှိလောက်အောင်ကိုအားပေးခဲ့တာပါ။ 

မြန်မာအသင်းဟာပွဲဦးထွက်လူစာရင်းမှာတိုက်စစ်မှူးအောင်သူမပါဝင်လာပဲမောင်မောင်လွင်၊စည်သူအောင်အစရှိတဲ့ကစားသမားတွေနဲ့ပွဲထွက်ခဲ့တာပါ။ပွဲအစထဲကတိုက်စစ်မြှင့်ကစားတဲ့မြန်မာအသင်းကတော့ပထမပိုင်း၂၃မိနစ်မှာအမှတ်မထင်ကမ္ဘောဒီးယားအသင်းကိုဦးဆောင်ဂိုးပေးလိုက်ကပါတယ်။ဦးဆောင်ဂိုးပေးလိုက်ပေမယ့်လည်းစိတ်ဓာတ်မကျပဲပရိတ်သတ်တွေရဲ့အားပေးမှုတွေကြောင့်ပိုပြီးကစားအားတွေတက်ခဲ့တာပါ။

ဒုတိယပိုင်းအစမှာအောင်သူဝင်လာခဲ့ပြီးပိုပြီးတိုက်စစ်အားမြှင့်လာခဲ့တာပါ။တောက်လျောက်တိုက်စစ်မြှင့်တာကြောင့်ကမ္ဘောဒီးယားအသင်းတောင်မခံနိင်တော့ပဲသန်းထက်အောင်၊စည်သူအောင်၊လှိုင်းဘိုဘိုတို့ရဲ့သွင်းဂိုးတွေကိုခွင့်ပြုပေးလိုက်ရပြီးပွဲအပြီးမှာ(၄-၁)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီနေ့ပွဲမှာမြန်မာအသင်းရဲ့တစ်ယောက်ခြင်းခြေစွမ်းတွေလည်းပရိတ်သတ်တွေမြင်တွေ့ခဲ့ရပြီးချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့တာပါ။ဒီနေ့မှာ၂ဂိုးသွင်းယူနိုင်ခဲ့တဲ့လှိုင်းဘိုဘိုကတော့ဒီပွဲလေးရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ဒီဆူဇူကီးပြိုင်ပွဲဟာအာစီယံနိုင်ငံတွေမှာလည်းပြသတာဖြစ်တာကြောင့်အာစီယံကလပ်အသင်းတွေအပြင်အာရှကလပ်အသင်းတွေကပါဒီပြိုင်ပွဲအကောင်းဆုံးကစားသမားတွေကိုခေါ်ယူဖို့စောင့်ကြည့်နေကြတာပါ။မြန်မာအသင်းဟာအုပ်စုဒုတိယပွဲစဉ်အဖြစ်၁၆ရက်နေ့မှာလာအိုအသင်းနဲ့အဝေးကွင်းမှာသွားရောက်ကစားရမှာဖြစ်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။