အခုနောက်ပိုင်း Online ပေါ်မှာ Selfie ဆွဲပြီး အလှဓာတ်ပုံတင်တဲ့ အလေ့အထဟာ အရမ်းခေတ်စားနေပါတယ်။ ဒါပေမယ့်လည်း Selfie ဆွဲတာ လွန်သွားလို့ အသက်ဆုံးရှုံးသွားသူတွေ ကလည်း ဒုနဲ့ ဒေးပါပဲ။ ဒီတစ်ခါဖော်ပြပေးချင်တာကတော့ လူကြိုက်များချင်လို့ သူများနဲ့မတူအောင် စတိုင်ထုတ်ပြီး Selfie ရိုက်လိုက်ရာကနေ အသက်ပါဆုံးရှုံးသွားရတဲ့ လူငယ်လေး တစ်ယောက်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Delon Smit အမေရိကန်နိုင်ငံသား တစ်ယောက်ဟာ သူ့ရဲ့ သေနတ်ကို လည်ပင်းမှာတေ့ပြီး Selfie ရိုက်နေစဉ် မတော်တဆ သေနတ်ခလုတ်နှိပ်မိပြီး သေသွားခဲ့တာပဲ ဖြစ်ပါတယ်။ သေဆုံးချိန်မှာတော့ သူ့မှာ အသက်သုံးနှစ်နဲ့ တစ်နှစ်အရွယ် သမီးကလေး နှစ်ယောက်ကျန်ခဲ့ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့တာဖြစ်ပြီး ကောလိပ်တစ်ခုမှာ ပညာသင်ယူနေတဲ့ အရွယ်ပဲ ရှိသေးတာမို့ ပိုပီးလို့တောင်နှမြောစရာ ကောင်းလှတယ်လို့တောင် ပြောလို့ရပါတယ်။

ဒါ့ကြောင့် တချို့အရာတွေဟာ သာမန်ထက်ပိုပီး အလွန်အကျွံ မစွဲလန်းသင့်ဘူးဆိုတာ သာဓကအဖြစ် သက်သေပြလိုက်သလိုပါပဲ။ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးချင်တာတစ်ခုတည်းနဲ့ မိမိအသက်ကိုမလဲ သင့်ဘူးဆိုတာ ပရိသတ်ကြီးအတွက် သံဝေဂဖြစ်ဖွယ် ဝေမျှပေးလိုက်ပါတယ်နော်။ 

Source : Zeedaba 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။