ဆူဇူကီးဖလားပြိုင်ပွဲအုပ်စု(က)မှာပါဝင်တဲ့မြန်မာအသင်းရဲ့အဖွင့်ပွဲစဉ်ကိုတော့မနေ့ည(၆)နာရီကမန္တလေးမြို့မန္တလာသီရိကွင်းမှာယှဉ်ပြိုင်ကစားခဲ့ပါတယ်။မြန်မာအသင်းဟာအဆိုပါပွဲစဉ်မှာကမ္ဘောဒီးယားအသင်းကို(၄-၁)ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ဒီပွဲကိုတော့မန္တလေးမြို့ရဲ့အမာခံပရိတ်သတ်တွေကကွင်းလုံးပြည့်လာရောက်အားပေးခဲ့ကြတာပါ။

ဒီပွဲလေးကိုအနယ်နယ်အရပ်ရပ်ကပရိတ်သတ်တွေအတွက်ရုပ်သံကလည်းတိုင်ရိုက်ထုတ်လွင့်ပြသခဲ့ပြီးရန်ကုန်မြို့ကပရိတ်သတ်တွေအတွက်လည်းဆူးလေအနားမှာLED ဘုတ်ဖြင့်ပြသခဲ့ပြီးပရိတ်သတ်တွေတစ်ခဲ့နက်လာရောက်ကြည့်ရှုခဲ့ကြတာပါ။ဒီပွဲစဉ်ကြီးပြီးဆုံးတဲ့အခါမှာတော့မန္တလာသီရိကွင်းထဲကအမှိုက်တွေကိုပရိသတ်တွေကတစ်ခုမကျန်အသိစိတ်တွေနဲ့ကောက်သွားခဲ့ကြတာဖြစ်ပါတယ်။ 

ရန်ကုန်မြို့ဆူးလေမှာပြတဲ့ပွဲစဉ်အပြီးမှာလည်းပရိတ်သတ်တွေကအမှိုက်တွေကိုအသိစိတ်နဲ့ကောက်ခဲ့တာကြောင့်နိုင်ငံခြားသတင်းဌာနတွေကနေချီးကျူးခဲ့ကြတာပါ။ဆူဇူကီးပြိုင်ပွဲမှာလည်းဒီလုပ်ရက်ကပထမဆုံးဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲတုန်းကလည်းဂျပန်အသင်းကပြိုင်ပွဲကထွက်ခဲ့ရပေမယ့်လည်းအဝတ်လည်းခန်းကသေသပ်နေတာကြောင့်ကမ္ဘာလုံဆိုင်ရာမီဒီယာတွေကချီးကျူးခဲ့ကြတာပါ။ခုလုပ်တဲ့မြန်မာအသင်းပရိတ်သတ်တွေရဲ့လုပ်ရပ်တွေကိုလည်းတစ်ခြားအာစီယံနိုင်ငံတွေကအတုယုဖို့ကောင်းတယ်ဆိုပြီးချီးကျူးခြင်းခံလိုက်ကတာပါ။

SOURCE:For Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။