ဒီကနေ့ နိုဝင်ဘာလ ၁၃ရက်နေ့ မှာတော့ပြည်တွင်း ဒုတိယအသုံးများတဲ့ရေကြောင်း ပို့ဆောင်ရေးယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ ချင်းတွင်းမြစ်အတွင်းကုန်တင်ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော ကုန်တင်ရေယာဉ်တစ်စီးသည် ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်က ဟုမ္မလင်းမြို့အနီးတွင်လင်းလင်းအောင် ရေယာဉ်တစ်စီး တိမ်းမှောက်နစ်မြုပ်ခဲ့တာဖြစ်ကြောင်း ဟုမ္မလင်းမြို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားခဲ့ပါတယ်။ 

ဟုမ္မလင်းမြို့အနီး ဥရုချောင်းနှင့် ချင်းတွင်းမြစ်ဆုံရာ အရောက်တွင် ဥရုချောင်း၏ ရေစီးအားကြောင့် စက်လှေစောင်းကာ သောင်နှင့်ငြိပြီး တိမ်းမှောက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် လူသေဆုံးမှု မရှိပဲ စက်လှေတိမ်းမှောက်ရာသို့ မြို့နယ်စီမံခန် ခွဲမှု ကော်မတီ ဥက္ကဋ္ဌ အပါအဝင် အရပ်ဖက် အဖွဲ့အစည်းများ ဌာနဆိုင်ရာ ဝန်ထမ်းများ ရောက်ရှိလာပြီး ရေယာဉ်ပေါ်တွင် ပါလာသည့် ဆီပေပါ ဆန်အိတ်နှင့် သန်ပိုက်လုံးများအနက် ဆီပေပါများကို လိုက်လံဆယ်ယူပေးနေကြောင်း ၎င်းကထပ်မံရှင်းပြခဲ့ပါတယ်။  

“ဆီပေပါတွေတော့ လိုက်ဆယ်ပေးနေတယ်။ ဆန်အိတ်နဲ့ သန်ပိုက်လုံးနဲ့ကတော့ မော်တော်ဝမ်းထဲမှာပဲ ရှိသေးတယ်”ဟု ဦးအောင်ကျော်က ပြောကြားခဲ့ပါတယ်။ ဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး ပြည်တွင်းအဖြစ်နည်းပါးတဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်တာတွေ့ရပါတယ်။ လက်ရှိ ရေယာဉ်ကိုပြန်လည်ဆယ်ယူနိုင်ဖို့မလွယ်ကူသေးပဲ ယာဉ်ပေါ်ပါ ပစ္စည်းတွေနှင့် လူတွေကိုသာအဓိကဆယ်ယူဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရပါတယ်။

Photos - အရှင်သြသဓ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။