ပရိတ်သတ်ကြီးရေ... ဂြိုလ်သားတွေ တကယ်ရှိတယ်ဆိုတာယုံရဲ့လားဗျာ။ မယုံချင်လည်းရပါတယ်ဗျာ။ ဒါပေမယ့် ခုဒီတစ်ခုကိုကျွန်တော်သက်သေတချို့နဲ့တကွပြောပြီးသွားရင် ယုံချင်ချင်ဖြစ်လာမှာပါ။အခုပြောပြမယ့်အကြောင်းကတော့ ဟွိုင်ရာဘာကျူးဆိုတဲ့ သစ်တောအကြောင်းပါဗျ။ ရိုမေးနီးယားမှာတည်ရှိပြီးတော့ ဟတ်တာ၂၅၀ ကျော်ကျယ်ပါတယ်။ ဟွိုင်ရာဘာကျူးဆိုတဲ့နာမည်ဟာ ဒီတောထဲမှာ သိုးအကောင်၂၀၀လောက်နဲ့ပျောက်သွားတဲ့ သိုးကျောင်းသားလေးရဲ့နာမည်ကိုအစွဲပြုပြီးခေါ်ထားတဲ့နာမည်ပါ။ လိုက်ရှာတာကြပေမယ့် သိုးတွေကော လူကောအစအနတောင်မတွေ့ရတော့ဘူးတဲ့ဗျာ။ တခြားကမ္ဘာများရောက်သွားကြသလားပဲ???

ဒီတောထဲမှာသဘာဝလွန်ဖြစ်ရပ်တွေခနခနဖြစ်တာ တစ္ဆေ သရဲတွေကြောင့်လို့ထင်ရစဖွယ်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်အထင်တော့ UFOတွေနဲ့ ဂြိုလ်သား တွေကြောင့်ဖြစ်တာလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၆၈ခုနှစ်မှာ သြဂုတ်လ (၁၈)ရက်နေ့မှာ Emil Barneaဆိုတဲ့ စစ်တပ်စက်ပြင်ဆရာတစ်ယောက်အမှတ်မထင်ရိုက်မိခဲ့တဲ့ပုံကြောင့်ပါ။ ဒါ့အပြင် ၁၉၇၀ ခုနှစ်မှာ တောအုပ်ထဲကနေ ထင်းမီးမဟုတ်ဘဲ ပတ်ဝန်းကျင်တစ်ဝိုက် အတော်အတန်လင်းထိန်နေတဲ့ အားအရမ်းကောင်းတဲ့လျှပ်စစ်မီးလိုအလင်းရောင်တွေထွက်ထွက်နေတာကိုဓာတ်ပုံရိုက်မိခဲ့ပြန်ပါတယ်။ ဝေးလံခေါင်ဖျားပြီး လူတွေမဝင်ရဲတဲ့တောဆိုတော့ လည်းစဉ်းစားစရာပဲ။ 

နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ တောထဲကသစ်ပင်တော်တော်များများဟာ ပင်စည်တွေကောက်ကွေးနေပါသတဲ့။နောက်တစ်ခုက တစ်ခါ ၅နှစ်အရွယ်သမီးလေးတစ်ယောက် ဒီတောထဲမှာပျောက်သွားခဲ့ပြီး နောက်(၅)နှစ်နေတော့ အဲ့နေရာမှာပဲသူမကိုပြန်တွေ့ခဲ့ရပါတယ်။ပျောက်သွားတုန်းကအဝတ်အစားတွေအတိုင်းအသက်ရှင်လျက်ပြန်တွေ့ရပေမယ့် သူဘာတွေဖြစ်ခဲ့လဲဆိုတာကိုမမှတ်မိတော့ပါဘူး။ နောက်ထူးဆန်းတာတစ်ခုက တောအုပ်ကြီးရဲ့အလယ်တည့်တည့်မှာ အပင်ကြီးတွေတစ်ပင်တစ်လေမှမပေါက်ဘဲကွင်းပြင်ထီးထီးကြီးဖြစ်နေပါတယ်။ ပြီးတော့ တောထဲဝင်သွားတဲ့သူတွေက လူမမြင်ရဘဲ ခန္ဓာကိုယ်အနှံ့မှာ ကုတ်ခြစ်ဒဏ်ရာတွေရခဲ့ကြသတဲ့။ ဒါတွေက ရွှီရှောင်ပြောနေတာတော့မဟုတ်ပါဘူး။ Travel & Leisure တို့BBCတို့လိုနာမည်ကြီး mediaသတင်းဌာနတွေကတောင် ဒီတောအုပ်အကြောင်းကိုတင်ဆက်ခဲ့ကြပါသေးတယ်။

Source : hoiabaciuforest

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။