ဒါက တကယ်အပြင်မှာရှိတဲ့ပန်းချီကားတွေပါ။ ပုံထဲမှာတော့ ငိုမဲ့မဲ့နဲ့ကောင်လေးတစ်ယောက်ရဲ့ပုံကိုရေးဆွဲထားပါတယ်။ဒီဇာတ်လမ်းအစကတော့ ဘရူနိုအမန်ဒီယို ဆိုတဲ့ ပန်းချီဆရာနဲ့ ဒွန်ဗွန်နီလို ဆိုတဲ့ ကောင်လေးကနေအစပြုခဲ့တာပါ။ မီးလောင်မှုတွေဖြစ်တဲ့အခါ အများစုက ပန်းချီကားတစ်ချပ်ကြောင့်လောင်ခဲ့ရတာပါ။ ဒါကို မီးသတ်သမားတစ်ယောက်ကစတင်သတိထားမိခဲ့ပါတယ်။ တစ်အိမ်လုံးဘာတစ်ခုမှရစရာမရှိအောင်မီးလောင်သွားသော်ငြားလည်း ဘရူနိုရဲ့ Crying Boyပန်းချီကိုတော့ မီးနည်းနည်းလေးတောင်မဟပ်ခဲ့ပါဘူးဗျာ။နောက်ပိုင်း ဒီကောင်လေးပုံပါတဲ့ပန်းချီကားချိတ်ထားတဲ့အိမ်တိုင်းမီးလောင်လောင်နေတော့ ပန်းချီဆရာဘရူနိုကို လိုက်ရှာပီး ကွိုင်တာပေါ့ဗျာ။

(၁၉၉၅)လောက်မှာ အဲ့ပန်းချီဆရာကို စပိန်မှာသွားတွေ့သတဲ့ ။ ဒါပေမယ့် အဲ့လိုပန်းချီကားတွေအများကြီးရောင်းခဲ့ရတဲ့ ဘရူနိုဟာ ချမ်းသာနေရမယ့်အစား ချွတ်ခြုံကျမွဲတေနေပါတယ်။ ဘရူနိုပြောပြချက်တွေအရတော့ (၁၉၆၉)မက်ဒရစ်မြို့မှာ ငိုမဲ့မဲ့နဲ့ စကားလည်းတစ်ခွန်းမှမပြောဘဲလျှောက်သွားနေတဲ့ ဒွန်ဗွန်နီလို ဆိုတဲ့ ကလေးလေးကိုတွေ့ပြီး ပန်းချီဆွဲချင်တာနဲ့ခေါ်ယူကျွေးမွေးခဲ့သတဲ့။သူ့ရဲ့အကြောင်း ကိုသိတဲ့ ကတ်သလစ်ဘုန်းတော်ကြီးတစ်ပါးက ကလေးကို မခေါ်ထားသင့်ကြောင့်ပြောပေမယ့် ခေါင်းမာတဲ့ပန်းချီဆရာဟာ နဲနဲတောင်အဖတ်မလုပ်ခဲ့ဘူး။ အဲ့နောက်မှာ သူဟာကောင်လေးရဲ့ ငိုမဲ့မဲ့ဖြစ်နေတဲ့ပုံကို အမျိုးမျိုးဆွဲပီး စီးပွားရှာခဲ့ပါတယ်။ 

တစ်နေ့မှာတော့ ဘယ်သူမှမရှိဘဲသူ့ပန်းချီဆွဲခန်းဟာ အလိုလိုမီးထလောင်ပါလေရော။ဒါနဲ့ သူလည်းမွဲပြာကျသွားပြီး ကောင်လေးကို စွပ်စွဲပြီးမောင်းထုတ်လိုက်ပါတယ်လို့ဆိုပါတယ်။ နောက်မှသိရတာက အဲ့ဒီကောင်လေးရဲ့မိဘတွေကိုယ်တိုင်လည်း မီးလောင်ပြီးသေခဲ့ရတယ်ဆိုတာပဲ။ (၁၉၇၆)ခုနှစ်မှာတော့ကားအက်ဆီးဒင့်တစ်ခုမှာ အသက်(၁၉)နှစ်အရွယ် ဒွန်ဗွန်နီလို ဆိုတဲ့လူတစ်ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ တကယ်လို့ သေသွားတဲ့သူဟာ Crying Boyဖြစ်မယ်ဆိုရင်တောင် သူ့ပန်းချီကားတွေကြောင့်မီးလောင်မှုတွေဆက်ဖြစ်နေပါသေးတယ်။ နောက်ဆုံး အစိုးရကိုယ်တိုင်ကတောင် ဒီပုံတွေကိုအိမ်မှာမထားဘဲ ဖျက်ဆီးပစ်ခိုင်းရတဲ့အဆင့်ထိပါပဲ။

Source : en.wikipedia.org

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။