စာရေးဆရာမကြီး ကြည်အေးရဲ့ ဝတ္ထုဖြစ်တဲ့ "မီ"ဝတ္ထုကို ရှေးမူမပျက် ၊ အရသာမပျက်စီးအောင် ရုပ်ရှင်ခံစားချက်အပြည့် ရသမျိုး ရရှိအောင် ရိုက်ကူးခဲ့တဲ့ "မီ " ရုပ်ရှင် ဇာတ်ကားကြီးကို လတ်တလောမှာ လူကြိုက်များ၊ လူစိတ်ဝင်စားမှု များနေသလို ဝေဖန်မှု တချို့လည်း များနေခဲ့ပါတယ်။ သရုပ်ဆောင် မင်းသမီးချော ပိုင်ဖြိုးသုရဲ့ ချစ်သူ ဖြစ်တဲ့ ဒါရိုက်တာ ဏကြီးက ပုံဖော် ရိုက်ကူးပြီး အကယ်ဒမီ နေတိုး၊ နဲ့ အကယ်ဒမီ ပိုင်ဖြိုးသု တို့ အဓိက ပါဝင်ထားပါတယ်။

ဒီဇာတ်ကားကြီးမှာ ပါဝင်တဲ့ ဆေးလိပ်သောက်ခန်း၊ အရက်သောက်ခန်းတွေ ကြောင့် ရုပ်ရှင်ဇာတ်လမ်းရဲ့ ပိုစတာနဲ့တကွ ဇာတ်ဝင်ခန်းတွေဟာ ဆင်ဆာထိခဲ့ပါတယ်။ဒါအပြင် ဆရာဝန်တစ်ယောက် ဖြစ်သလို ကျန်းမာရေးသံတမန်တစ်ဦးဖြစ်တဲ့ မင်းသမီး ပိုင်ဖြိုးသုတစ်ယောက် စာနယ်စင်းရှင်းလင်းပွဲနဲ့ တကွ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ရသလို ဆရာဝန်ရာထူးဖြုတ်နိုင်ခံရတဲ့ထိ အခြေအနေရောက်နိုင်ကြောင်း ကောလဟာလတစ်ချို့ ပါ ထွက်ရှိနေပါတယ်။ ဆေးလိပ်သောက်ခန်း၊ အရက်သောက်ခန်းတွေကြောင့် ကျန်းမာရေးအသိပညာပေးအနေနဲ့ လူငယ်တွေ၊ကလေးတွေ အတုယူမှားစေနိုင်တာကြောင့် ဆင်ဆာထိတဲ့ အပေါ်"မီ" ရုပ်ရှင်ဇာတ်ကားဟာ တကယ်ပဲ လူငယ်တွေကို အတုယူမှားစေမဲ့ ရုပ်ရှင်လားဆိုတာ ကို ရုပ်ရှင် ချစ် ပရိသတ်တွေက အခုလို သူမဘက်က ပြန်လည်ရပ်တည်ခဲ့ပေးကြပါတယ်။

ဝေဖန်မှု့ တချို့ နဲ့ အတူ အားပေးသူကလည်း တဖက်မှာအခိုင်အမာ ရှိနေဆဲ မို့ သုသု တစ်ယောက် ဆီကို ပေးပို့လာကြတဲ့ "မီ" ရုပ်ရှင် နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကြောင့် သုသုတယောက် ပြန်လည် စိတ်အားတင်းနိုင်ခဲ့ပါတယ်။ သူမရဲ့ ချစ်သူဖြစ်သူ ဒါရိုက်တာ ဏကြီး နဲ့ အတူ စာရေးဆရာမကြီး ကြည်အေးရဲ့ ဝတ္ထုကို ကိုယ်တိုင်ဝယ်ယူခဲ့ပြီး ရုပ်ရှင်ဘာဂျက်ငွေကိုလည်း ကိုယ်တိုင်ငွေကုန်ကြေးကျခံကာ အကောင်းဆုံး တင်ဆက်နိုင်ဖို့ အတွက် စာအုပ်ရသ မပျက်အောင်ရိုက်ကူးပုံဖော်ထားခဲ့တာမို့ 2018 ခုနှစ်ရဲ့ အနှစ် ဖြစ်တဲ့ အစစ်အမှန် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားလိုက ဆိုမယ် ဆိုရင် မမှားပါပါဘူးနော်..။

source: Paing Phyoe Thu ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။