သဲလို့ အားလုံးက ချစ်စနိုးခေါ်ကြသလို အချေမင်းသမီးလေးဆိုပြီး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ရွှေမှုံရတီကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ချစ်သူအဆိုတော်ရွှေထူးနဲ့ ရွှေလက်တွဲပြီး လက်ထပ်လိုက်ပါပြီနော်..။

ရွှေနှစ်ရွှေလို့ ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ ရွှေထူးနဲ့ ရွှေမှုံတို့ရဲ့ အားကျစရာကောင်းလောက်အောင် ကြည်နူးပျော်ရွှင်စရာကောင်းလွန်းတဲ့ မင်္ဂလာဧည့်ခံပွဲလေးကိုတော့ ရိုမန်တစ်ဆန်ဆန်လေး ကျင်းပပြုလုပ်ခဲ့ကြတာ ပရိသတ်ကြီးများ အသိပါပဲနော်..။

မကြာသေးခင်ကမှ အိမ်ထောင်ပြုထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးလေး ရွှေမှုံလေးကတော့ လတ်တလောမှာ အမျိုးမျိုးသော ဝေဖန်တိုက်ခိုက်မှုတွေ ကြုံတွေ့နေတာ တွေ့ရပါတယ်..။

ဖြစ်ပေါ်နေတဲ့ ကောလဟာလအကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ မင်းသမီးချောလေး ရွှေမှုံရတီကတော့ တစ်စုံတစ်ရာပြန်လည်ဖြေရှင်းထားခြင်း မရှိသေးပေမယ့်လည်း ခင်ပွန်းဖြစ်တဲ့ ရွှေထူးကတော့ ဇနီးချောလေးဘက်က မားမားမတ်မတ်ရပ်တည်ပေးလိုက်ပါတယ်..။

ဇနီးဖြစ်သူ ရွှေမှုံလေး လတ်တလောကြုံတွေ့နေရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး"သူ့ရှေ့မှာငါရှိတယ်.. ငါ့ကိုကျော်ပြီးမှ သူဆီရောက်မယ်.. သူကငါတန်ဖိုးထားရတဲ့ မိန်းမပဲ.." ဆိုပြီး ရွှေထူးက သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားတုန့်ပြန်လိုက်တာပဲ ဖြစ်ပါတယ်..။

ဝေဖန်တိုက်ခိုက်မှုတွေ ကြုံတွေ့နေရတဲ့ အသစ်စက်စက်ဇနီးမောင်နှံလေးအတွက် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြသလို ခင်ပွန်းတစ်ယောက်အနေနဲ့ ဇနီးချောလေး ရွှေမှုံရဲ့ ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးလိုက်တာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်နော်..။

Photo - ရွှေထူး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။