ဝါဝိုနာ (Wawona)

အမေရိကန်နိုင်ငံ၊ယိုးစ်မိုက် အမျိုးသားဥယျာဉ်အတွင်း မရီပိုစာ သစ်တောအုပ်အတွင်းမှာ များပြားလှသော သစ်ပင်အမျိုူးအစားပေါင်းစုံရှိပါတယ်။ ဒီလိုရှိတဲ့ အထဲမှာမှ ပင်လယ်ကမ်းခြေများ တွင် ပေါက်ရောက်လေ့ရှိသည့် သစ်နီပင် တစ်ပင်ရှိပါတယ်။ထိုသစ်နီပင်အား ဝါဝိုနာ ဟု အမည်ပေးထားပြီး အပင်၏ ပင်စည် တွင် တိုးလျှိုးပေါက် ဖောက်ပေးထားသည့် လိုဏ်ခေါင်းတစ်ခုလည်းရှိနေပါတယ်။ 

ထိုအပင်အား ၁၈၈၁ ခုနှစ်တွင် ပင်စည် ကိုဖောက်ထွင်း ကာခုတ်ဖြတ်ခဲ့ပြီး ကားတစ်စီး ဝင်ရောက်နိုင်တဲ့ အထိ လှိုဏ်ခေါင်း တစ်ခု ပြုလုပ်ထားပေး ထားပါတယ်။ ဒီလို ထူးဆန်းလှတဲ့ သစ်နီပင်ကြီးဟာ ဆိုရင် ကမ္ဘာလှည့် ခရီးသွားတို့ စိတ်ဝင်တစားလာရောက်ကြည့်ရှုကြသည့် နေရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း ၁၉၆၉ ခုနှစ်တွင် အပင်၏ ထိပ်ပိုင်းတစ်ခုလုံးတွင် ကြီးမားသော နှင်းခဲများ ဖုံးအုပ်လာသဖြင့် ခုတ်လှဲခဲ့ရပါတယ်။  

ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ ထိုသစ်နီပင်၏ သက်တမ်းကို နှစ် ၂၃၀၀ ဟု ခန့်မှန်းခဲ့ကြပါတယ်။ ဒါ့ကြောင့် အဆိုပါ သစ်နီပင်ကြီးကို ထိန်းသိမ်းစောင့်ရှောက် ရမည့် စာရင်းထဲတွင် ထည့် သွင်းပေးခဲ့ပါတယ်။ ယခုလို ထူးဆန်းလှတဲ့ အပင်တွေအကြောင်းကို ပရိသတ်ကြီးအတွက် ဆက်လက်ဖော်ပြပေးအုန်းမှာ မို့ လို့ စောင့်မျှော်ဖတ်ရှုပေးပါအုန်းနော်။  

Source : Thutazone 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။