ကမ္ဘာ့နိုင်ငံများစွာရှိ ကလေး၊ လူကြီးများစွာခံစားနေရတဲ့ ရောဂါဝေဒနာတွေကတော့အများကြီးပဲရှိပါတယ်။ အဆိုပါရောဂါဝေဒနာတွေထဲမှာ မွေးရာပါဝေဒနာသည်တွေနဲ့အတူ ထိခိုက်မှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ဝေဒနာရှင်များစွာလည်း ရှိတာတွေ့ရပါတယ်။ အဆိုပါမွေးရာပါဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေထဲမှာ ပြည်တွင်းရှိ ကလေးငယ်များစွာလည်း ပါဝင်လျှက်ရှိတာတွေ့ရပါတယ်။    

မကြာသေးမီက မွေးရာပါ ဝေဒနာတစ်ခုကြောင့် ခွဲစိတ်ကုသရန်အခတ်တွေ့နေရတဲ့ ၁၁လသားကလေးငယ်တစ်ဦးရဲ့ အဖြစ်ကိုတော့ ပရိသတ်တွေလည်း အမြင်ပဲဖြစ်မယ်ထင်ပါတယ်။ အဆိုပါ ကလေးငယ်လေးကိုတော့ဝိုင်းချစ်ကိုကိုလို့ခေါ်ပြီး ဆင်းရဲတဲ့ မိသားစုလေးမှမွေးဖွားလာတဲ့ ကလေးတစ်ဦးဖြစ်ကာ ဦးခေါင်းပေါ်ရေအိတ်တည်နေတဲ့ (Hydrocephalus) အမည်ရှိ ရောဂါကြီးကို ခံစားနေရကြောင်းသိရပါတယ်။ အဲ့ဒီရောဂါဟာ ဦးခေါင်းထဲအရည်တွေထုတ်နေတာကြောင့် ဦးခေါင်းဟာ အရည်တွေနဲ့ပြည့်ပြီးကြီးလာပါတယ် ဦးခေါင်းကိုခွဲစိတ်ပြီး Cerebral Shunt ဆိုတဲ့ပိုက်ကိုထည့်ပြီး အရည်တွေကိုအဲ့ပိုက်ကတစ်ဆင့် ဝမ်းဗိုက်ထဲကိုစွန့်ထုတ်ရမှာဖြစ်ကြောင်း သိရပါတယ်။ 

လက်ရှိ ကလေးကို မန္တလေးဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြောခွဲစိတ်ကုသဆောင်မှာ တင်ထားရပြီး ဆရာဝန်ကြီးတွေကအခမဲ့ခွဲစိတ်ပေးပေမယ့် အသုံးပြုမည့်ဆေးဝါးတွေရဲ့ ဈေးနှုန်းကအလွန်မြင့်မားနေတာကြောင့် အခတ်တွေ့နေရတာပဲဖြစ်ပါတယ်။ စိတ်မကောင်းစရာ ကလေးငယ်လေးရဲ့ လက်ရှိ အခြေနေနဲ့ မိဘတွေရဲ့ ဆင်းရဲမှုတွေကိုပရိသတ်တွေသိမြင်နိုင်ဖို့ မျှဝေပေးရင်း အလှူရှင်အမြန်ပေါ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။

Photos - One To One(ပြည်သူ့ကူညီရေး)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။