အဆိုတော်ဂရေဟမ် ဆိုရင် ပရိသတ်တွေ မထူးတလည် မိတ်ဆက်ပေးစရာ မလိုအောင် ရင်းနှီးပြီးသားဖြစ်တဲ့ တစ်ချိန်က ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့ ဝါရင့် အဆိုတော်ကြီး ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း(၂၀) မက ကြာခဲ့ပြီ ဖြစ်သလို ယနေ့မှာတော့ ဝါရင့်အဆိုတော်ကြီး တစ်ဦး အဖြစ် တက်သစ် စ ဝါသနာရှင် အဆိုတော် တွေကို ပြန်လည် မွေးထုတ်ပေးနေတဲ့ X Factor သီချင်းဆိုပြိုင်ပွဲကြီးရဲ့ ဒိုင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဂရေဟမ်ရဲ့ ဂီတ အမွေအနှစ်ကို ဆက်ခံပြီး လက်ရှိမှာ အဆိုတော်မလေး တစ်ဦးအဖြစ် အနုပညာလော့ထဲ ကို ဝင်ရောက်လာသူက ကတော့ ဂရေဟမ်ရဲ့ သမီးချောလေး ပန်းရောင်ခြယ် ဖြစ်ပါတယ်။ သြစတေးယျ နိုင်ငံ မှာ ပညာသင်ကြားခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံမှာ နေထိုင်ကာ အနုပညာအလုပ်တွေကို ပြုလုပ်နေတဲ့ ပန်းရောင်ခြယ်ကတော့ ပရိသတ်တွေ အခိုင်အမာအားပေးမှု ကို ရရှိနေတဲ့ အဆိုတော်မလေး ဖြစ်ပါတယ်။ အဆိုတော်ကြီး ဂရေဟမ်မှာ ပန်းရောင်ခြယ် နဲ့ ပန်းသွန်းခြယ် ဆိုတဲ့ သမီးချောလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး ဒီနိုဝင်ဘာလလေးမှာ တော့ ဇနီးချော တင်ဇာဦး နဲ့ မိသားစုလေးတည်ထောင်ခဲ့တာဟာ နှစ်ပတ်လည်(၂၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ငွေရတု အထိမ်းအမှတ်အနေနဲ့ ကျရောက်လာတဲ့ မင်္ဂလာနှစ်ပတ်လည်လေးကို အမှတ်တရ ဖြစ်စေဖို့ အာရပ်နိုင်ငံ၊ ဒူဘိုင်းမြို့ကြီးကို မိသားစု လေးယောက် အတူအလည်သွားခဲ့ပြီး Emirates ရဲ့လေကြောင်းလိုင်း လေယာဉ်ပေါ်မှာလည်း အမှတ်တရcelebration လေးအဖြစ် နွေးထွေးဖော်ရွေတဲ့ ဝန်ထမ်းများနဲ့ အတူ ကျင်းပခဲ့ပါသေးတယ်။ ဒူဘိုင်းမြို့ကို ရောက်ရှိခဲ့ချိန်မှာပဲ ဖေဖေ ဂရေဟမ်၊ မေမေ တင်ဇာဦး၊ သမီးကြီး ပန်းရောင်ခြယ် နဲက သမီးငယ်လေး ပန်းသွန်းခြယ် တို့ မိသားစု လေးယောက်လုံး ဟာ ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ Arabian Adventures ၊ Safari သဲကန္တာရ ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ နေဝင်ချိန်နဲ့ အတူ ကန္တာရ ကုလားအုပ်တွေ စီးကာ ညနေစားကို မိသားစုလေးယောက် အတူစားခဲ့ကြပြီး အရမ်းကို Romantic ဖြစ်ခဲ့တဲ့ အဆိုတော် ဦးဂရေဟမ် နဲ့ ဇနီး တင်ဇာဦး တို့ရဲ့ မင်္ဂလာ နှစ်ပတ်လည် အချိန်အခါလေး ဖြစ်ခဲ့ပါတယ်။

Source: Pan Yaung Chel;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။