အာစီယံဆူဇူကီးဖလားပြိုင်ပွဲဝင်မြန်မာအသင်းကတော့အုပ်စုဒတိယပွဲစဉ်ဖြစ်တဲ့လာအိုအသင်းနဲ့ယှဉ်ပြိုင်ရန်မနေ့ကနေ့လည်ပိုင်းကလာအိုနိုင်ငံကိုထွက်ခွာသွားတာဖြစ်ပါတယ်။မြန်မာအသင်းဟာမန္တလေးမြို့မှဘန်ကောက်၊ဘန်ကောက်မှတဆင့်လာအိုနိုင်ငံသို့ထွက်ခွာခဲ့ပြီးမနေ့ည၈နာရီခွဲမှာလာအိုနိုင်ငံကိုရောက်ရှိခဲ့ပါတယ်။မြန်မာအသင်းဟာလာအိုအသင်းနဲ့၁၆ရက်နေ့ည၇နာရီမှာကစားရမှာဖြစ်ပြီးရာသီဥတုကွင်းအခြေနေနဲ့အသားကျဖို့အစောထွက်ခွာခဲ့တာဖြစ်ပါတယ်။ 

မြန်မာအသင်းဟာအုပ်စုအဖွင့်ပွဲမှာကမ္ဘောဒီးယားအသင်းကို(၄-၁)ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်အနိုင်ရတာကြောင့်စိတ်ဓာတ်တွေတက်ကြွနေတာဖြစ်ပါတယ်။မြန်မာအသင်းဟာအုပ်စုတွင်းမှာမလေးရှားအသင်းကိုတစ်ပွဲလျော့နဲ့အုပ်စုဒုတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။အဲ့နေ့မှာပဲအုပ်စုရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့နာမည်ကြီးဗီယက်နမ်နဲ့မလေးရှားအသင်းတို့ယှဉ်ပြိုင်ကစားမှာဖြစ်တာကြောင့်အုပ်စုပထမနေရာရဖို့အတွက်ဆိုဒီပွဲကိုမဖြစ်မနေအနိုင်ယူဖို့လိုအပ်နေတာဖြစ်ပါတယ်။ 

လာအိုအသင်းကလည်းနှစ်ပွဲကစားထားပြီးမလေးရှားနဲ့ဗီယက်နမ်တို့ကိုရှုံးနိမ့်ထားတာကြောင့်အုပ်စုရဲ့အဆင့်၅နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။လာအိုအသင်းဟာမြန်မာအသင်းနဲ့တွေ့ဆုံမှု၅ကြိမ်မှာမြန်မာအသင်းက၃ကြိမ်အနိုင်ရထားပြီး၂ကြိမ်သရေကျထားတာဖြစ်ပါတယ်။မြန်မာအသင်းဟာပြောင်းလဲကျင်းပမှုပုံစံနဲ့ကျင်းပတဲ့ဒီပြိုင်ပွဲမှာအဝေးကွင်းကန်ဖို့အတွက်ပြိုင်ပွဲမစခင်ထဲကကာတာနိုင်ငံကိုသွားပြီးခြေစမ်းပွဲတွေကစားခဲ့တာကြောင့်လာအိုနဲ့ပွဲမှာအကောင်းဆုံးအနိုင်ရဖို့မျှော်လင့်နေတာဖြစ်ပါတယ်။ဂိုးပြတ်နိုင်ပွဲကြောင့်စိတ်ဓာတ်တွေအမြင့်ဆုံးမှာရှိနေတဲ့မြန်မာအသင်းအဝေးကွင်းမှာလာအိုအသင်းကိုဘယ်လိုရင်ဆိုင်ပြီးပရိတ်သတ်တွေကိုပျော်ရွင်မှုပေးနိုင်မလဲဆိုတာတော့၁၆ရက်နေ့ည၇နာရီအချိန်မှာစောင့်မျှော်အားပေးကြရအောင်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။