လတ်တလောအနုပညာလောကမှာ " မီ " ရုပ်ရှင်ကားကြီးက သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ ဇာတ်ကောင်စရိုက်နဲ့ပတ်သတ်ပြီး ဝေဖန်ခံနေရပါတယ် ။

ဒါပေမယ့် အနုပညာအပိုင်းမှာ အကောင်းဆုံးလုပ်ပြသွားနိုင်ခဲ့တာကိုတော့ ပရိသတ်တွေရော တခြားသောအနုပညာရှင်တွေကပါ လက်ခံခဲ့ကြပါတယ် ။

အခုလိုဝေဖန်ခံရမှုတွေနဲ့ပတ်သတ်ပြီးတော့ အနုပညာရှင်တော်တော်များများ ဝန်းရံနေကြ တဲ့ထဲမှာ မောင်မောင်အေးက သူ့ရဲ့ထင်မြင်ချက်ကို ပြောပြလာပါတယ် ။

မောင်မောင်အေးက သူ့တစ်ယောက်တည်းဆန္ဒအနေနဲ့ ဆေးလိပ်သောက်ခြင်းကို လုံးဝ လုံးဝ အားမပေးပါဘူးတဲ့ ။

" ဒါပေမယ့် " မီ " ဝတ္ထု / ရုပ်ရှင်ဇာတ်ကား / မီဇာတ်ကောင်ကို အပိုအလိုမရှိ ( ကြည့် တဲ့ သူတိုင်းရဲ့ရင်ထဲရောက်အောင် ) အံ့မခန်းသရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးပိုင်ဖြိုးသု အပေါ် ရူးတူးတူးပေါတောတောအကွက်တွေနဲ့ ဖိအားပေးနေကြတာမျိုးကိုလည်း လုံးဝရှုံ့ချတယ်..... " လို့ဆိုပါတယ် ။

ဒီဇာတ်ကား ဒီဇာတ်ကောင်အနေနဲ့ ဒီလိုသောက်ပြီး ဒီလိုသေရတာမှာ ဆေးလိပ်မသောက် ပြရ လို့ အလကားနေရင်း လက်မစုပ်ပြီး အဆုတ်ကင်ဆာဖြစ်သေပြရမှာလား?? လို့လည်း ခပ်ရွဲ့ရွဲ့လေး ခနဲ့လိုက်ပါသေးတယ် ။

" ပိတ်သားပြင်ပေါ် မီဒီယာတွေပေါ်ကနေ မဟုတ်တာ ဆိုးတာ ဘာလုပ်ပြပြ လူငယ်တွေအပေါ် လွှမ်းမိုးကြေး လိုက်လုပ်ကြကြေးဆို တကမ္ဘာလုံး မုဒိန်းကောင် လူသတ်ကောင်တွေဖြစ် ကုန် တာကြာလှပေါ့....

အနုပညာရှင်တွေထက်အပြန်များစွာပိုလွှမ်းမိုးစေနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုးလောက် ကောင်းတာတွေအများကြီးလုပ်ပြနေတာကြတော့ရော ကိုယ့်နိုင်ငံသားတွေထဲက ဘယ်နှစ်ရာခိုင်နှုန်းလောက်သူ့စကားနားထောင်ပြီး သူ့လိုလိုက်ကျင့်ကြံနေကြလို့လဲ.... " ဆိုတဲ့ ထိမိတဲ့ စကားလုံးတွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားခဲ့တာဖြစ် ပါတယ် ။

အနုပညာကို ကောင်းကောင်းနားလည် ကောင်းကောင်းခံစား ကောင်းကောင်းဖန်တီးတတ်တဲ့ လူငယ်တွေရဲ့ အနုပညာဖန်တီးမှုတွေကို အပိုတွေလုပ်ပြီး လိုက်ကန့်သတ်လေ လူငယ်တွေ ကပိုရွံ လေဖြစ်ပြီး တဖြည်းဖြည်းနဲ့ လူငယ် လူကြီးကြား ကွာဟမှုတွေပိုများလာလေဖြစ်လာပြီး ဘယ်အရာမှကောင်းကောင်းကန်းကန်းအနုပညာတွေထွက်လာဖို့ရာမမြင်တော့ဘူးလို့ မောင်မောင်အေးက ပြောခဲ့ပါတယ် ။

အနုပညာ ကို သေချာခံစားနိုင်တဲ့ရင်ဘတ်မရှိတာမှာ ရှိအောင်မကြိုးစားပဲ ( ရှင်းရှင်း ပြောရရင် ဒီရုပ်ရှင်ကို သေချာမကြည့်ရသေးဘဲ ) အားအားရှိ ဟိုဟာ ဒီဟာ လိုက်ပြော နေကြတဲ့သူတွေကို သနားရွံလေးနဲ့ ခပ်ဝေးဝေးခပ်ခွာခွာလေးကနေ ရွံတယ် လို့ ရေးသားခဲ့ တာဖြစ်ပါတယ် ။

Source : Mg Mg Aye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။