ပြည်တွင်းမကြာခဏကြားသိနေရတဲ့ လူသေမှုတွေထဲမှာ ဆွဲကြိုးချသေဆုံးမှုကတော့ များစွာရှိနေတာကိုအားလုံးလည်း ကြားသိကြမယ်ထင်ပါတယ်။ ဆိုးရွားတဲ့လုပ်ရဲ့တစ်ခုဖြစ်သလို ကြားရ၊ မြင်ရသူတိုင်းအတွက်လည်း စိတ်မကောင်းစရာအဖြစ်ဆုံးလုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာလ ၁၃ရက်နေ့မှာလည်း တပ်မတော်သားတစ်ဦး ဆွဲကြိုးချသေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဖြစ်စဉ်ကတော့ နိုဝင်ဘာလ ၁၃ရက်နေ့ မနေ့က နေ့လည် ၁နာရီခန့်တွင် ကျောက်မဲမြို့ အမှတ်(၅၀၂) ခြေမြန်တပ်ရင်း တပ်အတွင်းဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ သေဆုံးသူကတော့ တပ်သားအဆင့်ရှိ ရန်နိုင်အောင်ဟုသိရပြီး တပ်တွင်းအိမ်ထောင်သည်လိုင်းခန်း တံခါးပေါက်တွင် ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

အမျိုးသမီးနှင့်အဆင်မပြေရာမှ ယခုကဲ့သို့ မိမိကိုယ်ကိုအဆုံးစီရင်သွားခြင်းဖြစ်နိုင်ကြောင်း အိမ်ထောင်သယ်ရဲမေတဦး၏ ပြောကြားချက်အရသိရပါတယ်။ လက်ရှိအလောင်းအား ဇီဝိတ လူမှုကူညီရေးအသင်းမှကျောက်မဲဆေးရုံသို့သယ်ယူပို့ဆောင်ပေးခဲ့ပြီး စစ်ဆေးမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။ စိတ်မကောင်းစရာဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်ခဲ့တဲ့ မနေ့ကသေဆုံးမှုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - မှုခင်းနှင့်အထူးသတင်းများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။