ပြည်တွင်းစည်ကားတဲ့ပွဲတော်တွေထဲမှာ မြန်မာ့မဟာဘုံကထိန်ပွဲတော်ကတော့ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ နှစ်စဉ်ပြုလုပ်ကျင်းပခဲ့တဲ့ပွဲတစ်ခုဖြစ်သလို ပြည်တွင်းတိုင်းဒေသကြီးအနှံ့တွင်လည်း သူမတူတဲ့ပုံစံမျိုးစုံနဲ့ ပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ ကထိန်လှည်လည်မှုပွဲတော်တွေကိုတော့ ပြည်တွင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများစွာလည်း ပါဝင်လုပ်ဆောင်လေ့ရှိတာတွေ့ရပါတယ်။  

အဆိုပါ တိုင်းရင်းသားတွေထဲမှာ ရှမ်းလူမျိုးများလည်းပါဝင်နေတာတွေ့ရပါတယ်။ ဗုဒ္ဓဘာသာကိုးကွယ်မှုကို အဓိကပြုလုပ်လျှက်ရှိပြီး နှစ်စဉ်မဟာဘုံကထိန်ပွဲကို စည်စည်ကားကားကျင်းပလျှက်ရှိတာတွေ့ရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်နေ့မှာလည်း အကြိမ်(၉၀)မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးကို ကျင်းပပြုလုပ်ခဲ့တာတွေ့ရပါတယ်။  

အဆိုပါပွဲတော်ကြီးကတော့ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ ကျင်းပတဲ့ ရှမ်းတိုင်းရင်းသားတို့ရဲ့ “၉၀” ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးဖြစ်ပြီး ရှမ်းရိုးရာဝတ်စုံလေးတွေဖြစ် ချစ်စရာကောင်းတဲ့ တိုင်းရင်းသား ၊တိုင်းရင်းသူလေးတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ တောင်ကြီး အကြိမ် ၉၀ မြောက် ရှမ်းရိုးရာ စုပေါင်းမဟာဘုံကထိန်ပွဲပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOT0S - BBC B

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။